မြိတ်မြို့တွင်းရှိ တရားမဝင် စက်သုံးဆီဆိုင်များ အရေးယူမည့်ကိစ္စ ဆိုင်ရှင်တချို့စိုးရိမ်

0
455

မြိတ်မြို့ပေါ်ရှိ တရားမဝင် စက်သုံး ဆီအရောင်းဆိုင်များကို ဖမ်းဆီးအရေးယူ မည်ဟုစာပို့ထားရာစက်သုံးဆီ အရောင်း ဆိုင် တချို့ စိုးရိမ်မှုများ ရှိနေကြောင်း ယင်း စက်သုံး ဆီအသိုင်းအဝိုင်းမှ သိရသည်။မြို့ပေါ်ရှိ တရားမဝင်စက်သုံးဆီအရောင်းဆိုင်များကို ဖေဖော်ဝါရီလ ၁၄ ရက် နောက်ဆုံးထားပြီး ပယ်ဖျက်ပေးရ မည်ဖြစ်ကာ ဆက်လက် ရောင်းချပါက ဖမ်းဆီးအရေးယူသွားမည်ဟု အကြောင်း ကြားစာ ပို့ထားကြောင်း စက်သုံးဆီ အရောင်းဆိုင်တချို့ထံမှ သိရသည်။

သို့သော် လက်ရှိအချိန်အထိ ဆက် လက်ရောင်းချနေသည့် စက်သုံးဆီ အရောင်းဆိုင်များကို သက်ဆိုင်ရာ ဌာန များက တစ်စုံတစ်ရာ အရေးယူဆောင် ရွက်ခြင်းမရှိသေးကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။”ဖမ်းဆီးအရေးယူမယ့် ကိစ္စ အ တွက် ကော်မတီတစ်ခုဖွဲ့ထားပါတယ် ဆိုင်တွေကို ထပ်မံစစ်ဆေးပြီး လိုအပ် ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု မြိတ်ခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။
ဖမ်းဆီးအရေးယူမည့်အစား မီးဘေး လုံခြုံရေးအတွက် မီးသတ်ဌာနက ညွှန်ကြားချက်များကို မလိုက်နာသည့် ဆိုင်များကိုသာ စံပြအနေဖြင့် အရေးယူ သင့်ကြောင်း ထားဝယ်စုရပ်ရှိ စက်သုံး ဆီ ရောင်းချနေသူ ဦးတင်ဦးက ပြောသည်။

“ရေရှည်အတွက်အဆင်မပြေဘူး ညှိနှိုင်းဆွေးနွေးပြီး သင့်တော်မယ့်နေရာ တစ်ခုရဖို့အတွက် ဆောင်ရွက်သွားပါ မယ်” ဟု တနင်္သာရီတိုင်းဒေသကြီး စီမံ^ ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောပြ သည်။”ပြောင်းပေးရမယ်ဆိုရင်လည်း လူတွေနဲ့နီးတဲ့ နေရာတစ်ခုကို သတ် မှတ် ပေးစေချင်ပါတယ်” ဟု ကွက်သစ် ရပ်ကွက်မှ စက်သုံးဆီ အရောင်းဆိုင် ရှင်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပုလောမြို့နယ် ရှပ်ပုံကျေးရွာတွင် စက် သုံးဆီများ သိုလှောင်ထားရာဂိုဒေါင်တွင် ဆေးလိပ်မီးမှ တစ်ဆင့် မီးလောင် မှုကြောင့် နေအိမ် ၁၃ ဆောင်မီးဘေး သင့်ခဲ့ပြီးဖြစ် သည်။မြိတ်မြို့ပေါ်တွင် တရားမဝင် စက် သုံးဆီအရောင်းဆိုင် ပျမ်းမျှ ၁၀၀ ဝန်း ကျင်ခန့်နှင့် တရားဝင်ဆိုင်ကြီး ၄ ဆိုင်ရှိ ကြောင်း ခရိုင်မီးသတ်ဦးစီးဋ္ဌာနမှ သိရ သည်။