တိုင်းအစိုးရအဖွဲ့ရုံး လုံခြုံရေး တိုးမြှင့်

0
409

ပြီးခဲ့သည့် ဇန်နဝါရီလကုန် ပိုင်းမှ စကာ တိုင်းအစိုးရအဖွဲ့ရုံး၏ လုံခြုံရေး ကို ယခင်ထက် တိုးမြင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ထံမှ သိရသည်။

ဇန်နဝါရီလ ၂၉ ရက်က ရန်ကုန် လေဆိပ်တွင် လုပ်ကြံခံရသည့် ဦးကိုနီ ဖြစ်စဉ်အပြီးတွင် ယင်းကဲ့သို့ လုံခြုံရေး ကို တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်းတိုင်း အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက ဆို သည်။” ရန်ကုန်လေဆိပ်မှာကို ဖြစ်သွား တာဆိုတော့ ပေါ့လို့မရဘူးဆိုတာ ပြတာ ပဲလို့ မြင်ပြီး တင်းကြပ်လိုက်တာပါ” ဟု တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြောသည်။ယခင်က တိုင်းအစိုးရအဖွဲ့ရုံး ဂိတ် ဝင်ပေါက်များတွင် လက်နက်ကိုင်ဆောင် ထားခြင်းမရှိသည့် ရဲတပ်ဖွဲ့ အစောင့် အရှောက်ဖြင့်သာ လုံခြုံရေး စောင့်ကြပ် နေရာမှ လက်ရှိအချိန်တွင် သေနတ်ကိုင် ရဲတပ်ဖွဲ့များ စောင့်ကြပ်နေသည်။

“လက်နက်ကတော့ လုံခြုံရေး တိုး မြှင့်ထားကတည်းက ထုတ်ပေးထားတာ ပါ” ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တိုင်းလွှတ်တော် အစည်းအဝေး ကျင်းပသည့်နေ့များတွင် ကားများ၏ အောက်တွင် မိုင်းရှာသည့် ကိရိယာများ ဖြင့်ရှာဖွေကာ လုံခြုံရေး ဆောင်ရွက်နေသည်။
ပြီးခဲ့သည့်နှစ်က မြေယာပြဿနာ ဖြေရှင်းပေးရန် တစ်ကိုယ်တော်ဆန္ဒပြ တောင်းဆိုသူတစ်ဦးက တိုင်းအစိုးရအဖွဲ့ ရုံး ခြံဝင်းအတွင်း ဝင်ရောက်ခဲ့သေးသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက် ညနေ ၅ နာရီခန့်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ဦးကိုနီသည် ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် သေနတ် ဖြင့်အနီးကပ် လုပ်ကြံမှုကြောင့် သေဆုံး သွားခဲ့သည်။