မြိတ်တွင် လျှပ်စစ်ဆိုလာပြားများ စတင် စမ်းသပ်တပ်ဆင်

0
414

လာရောက် တပ်ဆင်ရန် ကြန့်ကြာ နေသဖြင့် လူထုအကြားစိုးရိမ်မှုများရှိ နေသည့် လျှပ်စစ် ဆိုလာပြား များကို ကျောက်ဖျာကျေးရွာနှင့် တောင်ရှည် ကျေးရွာတို့တွင် ဖေဖော်ဝါရီလ ၁၈ ရက် က ကုမ္ပဏီက စမ်းသပ် တပ်ဆင် နေပြီ ဖြစ်ကြောင်း ကျေးလက် ဦးစီးဌာန ရုံးချုပ် (နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအုန်းထံမှ သိရသည်။

မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများမှ လျှပ်စစ် ဆိုလာပြားများအတွက် ကျေး လက်ဦးစီဌာနမှ ပြီးခဲ့သည့်နှစ် မတ်လ မှစပြီး ငွေများကို အရစ်ကျစနစ်ဖြင့် ကောက်ခံထားပြီး လက်ရှိအချိန် တစ်နှစ် နီးပါးကြာသည်အထိ ဆိုလာပြားများ လာမတပ်ဆင် သေးသည့်အတွက် စိုးရိမ် ပူပန်မှုများ ရှိနေခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာများရှိ မီးလင်းရေးကော်မတီတို့မှ သိရသည်။

“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ၄ လပိုင်းအတွင်း ဆိုလာပစ္စည်း အစုံ ရောက်လာမယ်”ဟု ကျေးလက် ဦးစီးဌာနရုံးချုပ်(နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအုန်းက ပြော သည်။