ထားဝယ်ကမ်းနားဈေး ဈေးကောက်နှုန်းထား မူလအတိုင်းကောက်ရန် ညှိနှိုင်းမည်

0
377

ထားဝယ်မြို့ ကမ်းနားဈေးရှိ ပျံကျ ဈေးသည်များထံမှ ဈေးကောက်နှုန်း ထားများ တိုးမြှင့်ကောက်ခံနေသည့် အတွက် မူလဈေးနှုန်းအတိုင်းသာ ကောက်ခံရန် သက်ဆိုင်ရာ ကန်ထရိုက် နှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်ခန့်ကစပြီး ဈေးကောက်နှုန်းထားများ တိုးမြှင့်ကောက်ခံနေသည်ဟု ကြားသိရ သည့်အတွက် ကွင်းဆင်းစစ်ဆေးပြီး နောက် ထားဝယ် စည်ပင် တာဝန်ရှိသူ တစ်ဦးက ထိုသို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ မူလက ဈေးကောက်နှုန်းထားမှာ ဆိုင်ခန်း တစ်ခန်းလျှင် အနည်းဆုံး ကျပ် ၅၀၀ မှ ၁၀၀၀ ကျပ် အထိ ကောက်ခံ ခဲ့သည်။ ထိုနောက် တစ်ခန်းလျှင် ကျပ် ၂၀၀ တိုးမြှင့် ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း ကမ်းနားဈေးမှ ဈေးသည်များထံမှ သိရ သည်။

ဈေးကောက်နှုန်းထားမှာ လေလံ ပေးစဉ်က စည်ပင်က သတ်မှတ်ထား သည့် နှုန်းထားထက် ကျော်လွန်မှု မရှိ သော်လည်း ပြည်သူများ ရောင်းဝယ်ရေး အဆင်ပြေစေရေး မူလအတိုင်း ကောက် ရန် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရောင်းချနေသည့် အကျယ်အဝန်း အပေါ် အခြေခံကာ ကောက်ခံခြင်း မဟုတ်ဘဲ ရောင်းကုန်ပစ္စည်းများ သည့် အပေါ်အခြေခံကာ တိုးကောက်သည်ဟု ထင်ကြောင်း အဆိုပါဈေးတွင် ခေါက်ဆွဲ ရောင်းချနေသည့် ဈေးသည် တစ်ဦးက ဆိုသည်။ ” ဘာဖြစ်လို့ ဈေးကောက် တိုး ကောက်မယ်ဆိုတာ လာရှင်းပြတာမျိုး မရှိဘူး” ဟု အဆိုပါ ခေါက်ဆွဲရောင်းသည့် ဈေးသည်က ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ် အတွက် ကမ်းနားဈေး ဈေးကောက် လိုင်စင်ကို ငွေကျပ် ၁၄၄၀ သိန်းဖြင့် ပမာဏ လေလံအောင်ထားကြောင်း မြို့ နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရ သည်။