ကော့သောင်းတွင် နွေရာသီ ကျောင်းပိတ်ရက် အားကစားနည်း ၁၃မျိုး သင်တန်း ပို့ချပေးမည်

0
404

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသူ၊ ကျောင်းသားများအား အားကစားနည်း ၁၃ မျိုးကို အားကစား နှင့် ကာယပညာ ဦးစီးဌာနမှ ဦးဆောင် ကာ သင်တန်းပို့ချမည်ဖြစ်ကြောင်း သိရ သည်။

ဘောလုံး၊ ဘောလီဘော ၊ ပိုက် ကျော်ခြင်း၊ လက်ဝှေ့၊ တင်းနစ်၊ ရိုးရာ ခြင်း၊ စားပွဲတင် တင်းနစ်၊ ဂျူဒို၊ ဝူရှူး၊ အေရိုးဗစ်၊ ဘတ်စကတ်ဘော၊ ကြက် တောင်၊ သိုင်း စသည့် အားကစားနည်း များကို လေ့ကျင့်သင်ကြားပေးမည်ဟု ကော့သောင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
“ကျောင်းသားတွေ ဝါသနာပါတဲ့ ဘယ်ကစားနည်းကို မဆို စာရင်းပေးပြီး ကစားနိုင်တယ်။

ကစားနည်းတိုင်း အ တွက် ဝတ်စုံတွေကိုပါ ဌာနက ထုတ်ပေး သွားမယ်” ဟု ကော့သောင်းမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ခရိုင်အားကာမှူး ဦးခင်မောင်ဦးက ဆိုသည်။ဖေဖော်ဝါရီ ၂၂ရက်တွင် သင်တန်း များဖွင့်လှစ်မည်ဖြစ်ပြီး သက်ဆိုင်ရာ အတန်းပိုင်ဆရာများထံတွင် စာရင်းပေး သွင်းနိုင်သည်ဟု သိရသည်။