ရွှေစင်ရုပ်ထု ရွှေ့ပြောင်းမည့်ကိစ္စ ကန့်ကွက်စာတင်မည်

0
409

ကော့သောင်းမြို့၊ အေးမြကန် သာရပ်ကွက် ခရိုင်ပြည်သူ့ဆေးရုံဝင်း အတွင်းရှိ အကယ်ဒမီရွှေစင်ရုပ်ထု နေရာရွှေ့ပြောင်းမည့် ကိစ္စကို အေးမြ ကန်သာရပ်ကွက်နေ ပြည်သူတစ်ချို့က ကန့်ကွက်မူများ ပြုလုပ်သွားမည်ဟု ကန့်ကွက်ရာတွင် ဦးဆောင်ပါဝင်မည့် သူများထံမှ သိရသည်။

အဆိုပါရုပ်ထုကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၇နှစ် ကတည်းက ဆေးရုံ ဝင်းခြံအတွင်း ထိန်းသိမ်း စောင့်ရှောက် လာခဲ့ပြီး ယခုအခါ ရပ်ကွက်ပြည်သူ များထံ အသိမပေးဘဲ တခြားနေရာ တစ်ခုပြောင်းရွှေ့ခြင်းကို သဘော မတူ နိုင်ကြောင်း ကန့်ကွက်သူများက ပြော သည်။”တိုင်းအစိုးရတွေရဲ့ ခွင့်ပြုချက်နဲ့ ရွှေ့မယ်ဆိုရင်လည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက် သားတွေကို အသိပေး သင့်တယ်” ဟု အေးမြကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဂျပန်က ဆိုသည်။

ဆေးရုံဝင်းအတွင်းရှိ အကယ်ဒမီ ရွှေစင်ရုပ်ထုမှာ နှစ်ပေါင်းများစွာ မပြု ပြင်ဘဲ ထားထားသည့်အတွက် ဆိပ်ကမ်း သာပန်းခြံဝင်းအတွင်း ပြောင်းရွှေ့ နေရာ ချထားရန် ကမ်းနီးအဖြူရောင်ပရဟိတ အဖွဲ့မှ တင်ပြခဲ့သည့်အတွက် တိုင်း အစိုးရမှ ဖေဖော်ဝါရီ ၁၄ရက်က ခွင့်ပြု ပေးခဲ့သည်ဟု သိရသည်။