Apex လေကြောင်းလိုင်း ခရီးစဉ်များ ရက်ပေါင်း ၂၀ နားမည်

0
446

ရန်ကုန်မြို့မှ တနင်္သာရီတိုင်းနှင့် ဟဲဟိုးဒေသကို အဓိကထား ပြေးဆွဲနေ သည့် အေပက်(APEX) လေကြောင်း လိုင်းမှ လေယာဉ်ကို ပုံမှန်လုပ်ရိုးလုပ်စဉ် အတိုင်း စစ်ဆေးမည်ဖြစ်သဖြင့် ခရီးစဉ် ပြေးဆွဲမှုများကို ရက်၂၀ ခန့် ရပ်နား ထားမည်ဖြစ်ကြောင်း အေပက် လေကြောင်း လိုင်းထံမှ သိရသည်။

စံနှုန်းအရ လေယာဉ်ပျံသန်းချိန် နာရီ ၅၀၀၀ ပြည့်ခြင်းနှင့် ၂ နှစ်ပြည့်ပါက လိုအပ်သည့် စစ်ဆေးမှုများကို တစ်ကြိမ် ဆောင်ရွက်ရ မည်ဖြစ်သည့်အတွက် ယင်းကဲ့သို့ ရပ်နားခဲ့ခြင်းဖြစ်ကြောင်း အေပက်လေကြောင်းလိုင်းမှ ထားဝယ် တာဝန်ခံက ဆိုသည်။” ဒါက ပုံမှန် စစ်ဆေးရတဲ့ လုပ်ရိုး လုပ်စဉ်ပါ၊ ပြီးရင် ပြန်ပြီး ပြေးဆွဲသွား မှာပါ” ဟု အေပက်လေကြောင်းလိုင်းမှ ထားဝယ်ကွင်း တာဝန်ခံ ဒေါ်ယဉ်ယဉ် မွန်က ပြောသည်။
လေယာဉ်ကို လိုအပ်သည့် စစ် ဆေးမှုများ ဆောင်ရွက်နိုင်ရန် ဖေဖော် ဝါရီလ ၁၅ ရက်မှ မတ်လ ၆ ရက်အထိ ရပ်နားထားမည်ဖြစ်ပြီး မတ်လ ၇ ရက် တွင် ပြန်လည်ပြေးဆွဲသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အေပက်လေကြောင်းလိုင်းသည် လက်ရှိအချိန်တွင် လေယာဉ်တစ်စီးဖြင့် ရန်ကုန်-ဟဲဟိုး ခရီးစဉ် နှင့် ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း ခရီးစဉ် များကို နေ့စဉ်ပြေးဆွဲနေပြီး ရန်ကုန်-ညောင်ဦး ခရီးစဉ်ကို တစ်ပတ်လျှင် ၃ ရက်ပြေးဆွဲနေကြောင်း အဆိုပါလေကြောင်း လိုင်းထံမှ သိရသည်။
လက်ရှိအချိန်တွင် မြန်မာ့အမျိုး သား လေကြောင်းလိုင်း(Myanmar National Airline) က ရန်ကုန်-ထားဝယ် -ကော့သောင်း ခရီးစဉ်များကို နေ့စဉ် ပုံမှန်ပြေးဆွဲနေပြီး Apex လေ ကြောင်းလိုင်းက တစ်ပတ်လျှင် ၃ ရက်ပုံမှန် ပြေးဆွဲနေကြောင်း ထားဝယ် မြို့တွင် လေယာဉ်လက်မှတ်ရောင်းချ သည့် ကုမ္ပဏီတစ်ခုထံမှ သိရသည်။

“လေယာဉ်လက်မှတ်က အရင် ကတည်းက ဝယ်ရခက်နေတာ၊ အခုက အေပက်က အချိန်တစ်ခုထိ ရပ်လိုက် တော့ လက်မှတ် ဝယ်ဖို့ အရမ်းခက်သွား တယ်” ဟု အဆိုပါကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့ အမျိုးသားလေကြောင်း လိုင်းတွင် ရန်ကုန်-ထားဝယ်၊ ထားဝယ် -ရန်ကုန် ခရီးစဉ်အတွက် ဖေဖော်ဝါရီလ ၁၈ ရက်အထိ ကြိုတင်လက်မှတ် ဝယ်ယူသူများဖြင့် ပြည့်နေပြီဖြစ်ကြောင်း စုံစမ်း သိရှိရသည်။