ပခုက္ကူ ဘ.က ကျောင်းရှိ ကလေးငယ်များကို နေ့စဉ် ပဲနို့တိုက်ရန် စီစဉ်

0
409

ထားဝယ်မြို့ပေါ်ရှိ ပခုက္ကူ ဘ.က ကျောင်းက ကလေးငယ်များကို နေ့စဉ် ပဲနို့တိုက်ရန် စီစဉ်လျက်ရှိကြောင်း ကျောင်းဝေယျာဝစ္စ အကူအညီပေးနေ သည့် ကျောင်းအကျိုးတော်ဆောင်များ ထံမှ သိရသည်။

ရွှေပါရမီဖောင်ဒေးရှင်း၏ အစီ အစဉ်ဖြင့် ယင်းသို့ တိုက်ကျွေးမည် ဖြစ်ပြီး ပဲနို့ထုတ်လုပ်မည့် စက်များလည်း ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
“ကလေးတွေ ကျန်းမာသန်စွမ်းပြီး ဥာဏ်ရည်ဖွံ့ဖြိုးလာအောင် ရည်ရွယ် တာပါ” ဟု ကျောင်း အကျိုးတော်ဆောင် တစ်ဦးဖြစ်သူ ဦးကျော်ဦးက ပြောသည်။
ပဲနို့ထုတ်လုပ်မည့် ပဲများကို ရွှေ ပါရမီဖောင်ဒေးရှင်းကပင် လှူဒါန်းမည် ဖြစ်ပြီးပခုက္ကူကျောင်းတိုက်တွင် နေထိုင် သည့် လူငယ်နှစ်ဦးကိုလည်း ပဲနို့ထုတ် လုပ်ရန်အတွက် သင်တန်းပေးထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ကလေးသူငယ်များ နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ ရက် နေ့မှ စတင် တိုက်ကျွေးရန် စီစဉ်လျက် ရှိပြီး နေ့စဉ် တစ်နေ့တစ်ကြိမ် တိုက် မည့် အစီအစဉ်ရှိကြောင်း သိရသည်။၎င်းအပြင် ဖေဖော်ဝါရီလ ၁၂ နှင့် ၁၃ ရက်တို့တွင် ဆန်းချီမူကြိုကျောင်းရှိ ကလေးငယ်များကို ပဲနို့တိုက်မည်ဖြစ် ကြောင်း သိရသည်။နောက်ပိုင်းတွင် ဇေယျဘုမ္မိ ဘ.က ကျောင်းကိုပါတိုက်ကျွေးဖို့ အစီအစဉ် ရှိသည်ဟု သိရသည်။