ထားဝယ်နည်းပညာ တက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂရုံးခန်းရှိပြီ

0
448

ထားဝယ်နည်းပညာ တက္ကသိုလ် ကျောင်းဝင်းအတွင်း ကျောင်းသား သမဂ္ဂ ရုံးခန်း(ယာယီ)အတွက် အခန်း နေရာကို တက္ကသိုလ် စီမံခန့်ခွဲရေးကော်မတီက သတ်မှတ်ပေးလိုက်သည်။ထားဝယ်နည်းပညာကျောင်းအုပ် ကြီးအပါအဝင် တက္ကသိုလ်စီမံ ခန့်ခွဲရေး ကော်မတီနှင့် ကျောင်းသားကိုယ်စားလှယ်များအဖွဲ့တို့ ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၁၀ ရက်က တွေ့ဆုံဆွေး နွေးအပြီးအတွင်း ယင်းသို့သတ်မှတ်ပေး
ခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားများထံမှ သိရသည်။

ယင်းတွေ့ဆုံမှုသည် ကျောင်းဖွံ့ ဖြိုးရေးအတွက် ဆောင်ရွက်ရမည့် လုပ် ငန်းစဉ်များကို ကျောင်းသားနှင့် ဆရာ ပထမဆုံးအကြိမ် ညှိနှိုင်းဆွေးနွေးကြ
ခြင်းဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဌာန မှူး ဒေါက်တာမျိုးသူဝင်းက ပြောသည်။”ကျောင်းသားတွေနဲ့ဆရာတွေ ဖွံ့ ဖြိုးတိုးတက်ဖို့အတွက် ပူးပေါင်းပြီးတော့ ဘယ်လိုလုပ်မယ်ဆိုတဲ့ လုပ်ငန်းစဉ်အစ ပေါ့” ဟု ဒေါက်တာမျိုးသူဝင်းက ပြောသည်။

တွေ့ဆုံပွဲတွင် ကျောင်းတွင်းတိုးတက်ဖွံ့ဖြိုးရေးအတွက် လတ်တလော ဖြေရှင်းရမည့် ရေတိုလုပ်ငန်းများ၊ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရ မည့် ရေရှည်လုပ်ငန်းများကို ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ဆွေးနွေးရာကြရာတွင် ပြဿနာ တစ်ရပ်ကို အဖြေရှာခြင်းဆီသို့ ဦးတည် ကာ နှစ်ဦးနှစ်ဖက် နွေးနွေးထွေးထွေးရှိခဲ့ ကြောင်း ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုဇင် မောင်ဖြိုးက ပြောသည်။

” အရင်က မရှိခဲ့ဖူးတဲ့ အခွင့်အလမ်း ပါ၊ ဒီလိုတွေ့ဆုံမှုမျိုးတွေက ရှေ့ဆက် ပညာရေးမှာ အရေးပါလှပါတယ် “ဟု ကိုဇင်မောင်ဖြိုးက ပြောသည်။
ယင်းသို့ တွေ့ဆုံညှိနှိုင်းဆွေးနွေး ပွဲ များကို ၂ လ တစ်ကြိမ် ကျင်းပ သွားမည်ဖြစ်ပြီး ကြားကာလများတွင် ကျောင်းသားတစ်ဦးချင်းအလိုက် လိုအပ် ချက်များ ဆွေးနွေးရန်လည်း ကော်မတီ ဘက်မှ တခါးဖွင်ပေးထားကြောင်း ကျောင်း သားကိုယ်စားလှယ်များထံမှ သိရသည်။