ကိုယ်ကျင့်သိက္ခာ နှင့် ကျင့်ဝတ်သိက္ခာ

0
19346

လူ့အသိုင်းအဝိုင်းနှင့် အသက်မွေးမှု နယ်ပယ်လုပ်ငန်းခွင်များတွင် သုံးလေ့ ရှိကြသည့် စကားလုံးနှစ်လုံး ရှိသည်။
တစ်လုံးက ကိုယ်ကျင့်တရား စာရိတ္တနှင့်ပတ်သက်လျှင် သုံးသောစကား လုံးဖြစ်ပြီး တစ်လုံးက အထူးသဖြင့် အလုပ်အကိုင်နှင့် ပတ်သက်သည့် ကျင့် ဝတ်များတွင် သုံးကြသည့် စကားလုံး ဖြစ်သည်။

ကိုယ်ကျင့် စာရိတ္တနှင့် ပတ်သက် လာလျှင် (Moral / Morality) ဟု သုံးလေ့ရှိပြီး လိုက်နာရမည့်ကျင့်ဝတ်များ နှင့်ပတ်သက်လျှင် ယေဘုယျအားဖြင့် (Ethic / Ethics) ကို သုံးလေ့ရှိသည်။အင်္ဂလိပ်-မြန်မာ အဘိဓာန် အချို့ တွင် ထိုစကားလုံးနှစ်လုံး၏ အဓိပ္ပာယ်ကို ရှာကြည့်သည့်အခါ Morality ကို အကျင့်စာရိတ္တ ဆိုင်ရာဟု ပြန်ဆိုပြီး ` Ethics ကျင့်ဝတ်တရား^ ကိုယ်ကျင့် တရား။ လူ့ကျင့်ဝတ်/ ကိုယ်ကျင့်သိက္ခာ။ ကိုယ်ကျင့်တရားဆိုင်ရာပညာ စသည် ဖြင့် ပြန်ဆိုထားသည်ကို တွေ့ရသည်။

ထိုစကားလုံးနှစ်လုံး၏ အဓိပ္ပာယ် မှာ လွန်စွာ ဆင်တူလှသောကြောင့် အများအားဖြင့် အမှတ်မှားကြသည်။ ထိုစကားလုံးနှစ်ခု (Morality & Ethics)) မှာ အမှန်အားဖြင့် ခြားနားသော အဓိ ပ္ပာယ်ကို ဆောင်ပေသည်။ထိုစကားနှစ်ခုအပေါ် ကွဲပြားသော ဖွင့်ဆိုမှု အမျိုးမျိုး ၊ အယူအဆ အမျိုးမျိုး ရှိကြပေသည်။
ယနေ့တိုင် ပညာရပ်နယ်ပယ်များ တွင် ငြင်းခုံ ဆွေးနွေးမှုများလည်း ရှိဆဲ ဖြစ်သည်။ ကျွန်ုပ်အနေနှင့်မူ ဤစကား လုံးနှစ်ခုကို ကွဲပြားအောင် Morality´ ကို ကိုယ်ကျင့်သိက္ခာ ၊ Ethics´ ကို ကျင့်ဝတ်သိက္ခာဟု မှတ်သားပါသည်။

ယေဘုယျအားဖြင့် ကိုယ်ကျင့် သိက္ခာ (Morality) ဟူသည် လူပုဂ္ဂိုလ် တစုံတဦး၏ ယုံကြည်တန်ဖိုးထားကျင့် သုံးသော စံနှုန်းများ၊ စည်းမျဉ်း၊ စည်း ကမ်း ဥပဒေသများ ဖြစ်သည်။ ထိုသူ တန်ဖိုးထား ကျင့်သုံးသော ကိုယ်ကျင့် တရားစံနှုန်းများသည် ထိုသူ၏ စရိုက် လက္ခဏာ၊ စိတ်နေသဘောထားကို ထင် ဟပ်ပြီး ထိုသူ၏ ဂုဏ်သိက္ခာ အဆင့် အတန်းရှိမရှိ၊ လေးစားဖွယ်ကောင်း၊ မကောင်းကို တိုင်းတာနိုင်သော အရာ လည်း ဖြစ်သည်။ထိုကိုယ်ကျင့်တရားတွင် ငယ်စဉ် ကာလတစ်လျှောက် သင်ယူမှတ်သား လာခဲ့ရသော ဘာသာရေး အဆုံးအမများ၊ အတွေ့အကြုံများ၊ ကျောင်းပညာရေးများ မှ အဆုံးအမများနှင့် အခြားအယူအဆများ လွှမ်းမိုးနေတတ်သည်။ ဥပမာ ဗုဒ္ဓ ဘာသာ ဝင်တစ်ဦး၏ ကိုယ်ကျင့်တရား စံနှုန်းအနေ ဖြင့် မလိမ်ညာခြင်း၊ မခိုး မဝှက်တတ်ခြင်း၊ အိမ်ထောင်ရေး မဖောက်ပြန်ခြင်း၊ အရက် သေစာ ကင်းခြင်း၊ ဘာသာရေးကိုင်းရှိုင်း ခြင်း စသည်တို့ ဖြစ်နိုင်သည်။ ဖြတ်သန်း လာရ သော ဘ၀အခြေအနေ အပေါ်မူ တည်၍ ယုံကြည်တန်ဖိုးထား ကျင့်သုံး သော စံနှုန်းများလည်း တစ်ဦးနှင့်တစ်ဦး တူညီမည် မဟုတ်ပေ။ကျင့်ဝတ် သိက္ခာ( နအ့ငခ)ဟူသည် ကား လူ့အဖွဲ့အစည်းတစ်ရပ် (သို့) လုပ်ငန်းနယ်ပယ်တစ်ခုက သက်ဆိုင်ရာ ပါဝင်ပတ်သက်သည့် ပုဂ္ဂိုလ်များအပေါ် လိုက်နာကျင့်ဆောင်ကြရန် ပြဋ္ဌာန်းထား သော စံနှုန်းဥပဒေသများ ဖြစ်သည်။

ယင်း ကျင့်ဝတ်သိက္ခာများသည် အချို့နေရာနယ်ပယ်တွင် ရေးသားပြဋ္ဌာန်း ထားပြီး၊ အချို့တွင်မူ ရေးသားပြဋ္ဌာန်း ထားခြင်း မရှိပေ။ သို့သော် မည်သည့် လူ့အသိုင်းအဝိုင်း၊ အသက်မွေးမှုနယ်ပယ် တွင်မဆို လိုက်နာရမည့် ကျင့်ဝတ် သိက္ခာ များ ရှိစမြဲဖြစ်ပါသည်။ ထိုကျင့်ဝတ် သိက္ခာများကို ဆိုင်ရာလူ့အဖွဲ့အစည်း (သို့) လုပ်ငန်းနယ်ပယ် တာဝန်ရှိသူများ က လူ့အဖွဲ့အစည်းမှ လက်ခံယုံကြည် သော ကိုယ်ကျင့်တရားများအပေါ် အခြေခံ၍ သတ်မှတ်ထားလေ့ ရှိသည်။
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ မြန်မာ့ လူဘောင်တွင်မူ လိုက်နာရမည့် ကျင့် ဝတ်ကား များပြားလှပါသည်။ မိဘဝတ်၊ သားသမီးဝတ်၊ ဆရာဝတ်၊ တပည့်ဝတ်၊ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ် စသည် အားဖြင့် များစွာသော ကျင့်ဝတ်များကို ယုံကြည်လက်ခံကျင့် သုံးလျက်ရှိပေ သည်။

တစ်စုံတစ်ဦးသည် သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှု နယ်ပယ်သို့ ရောက်လျှင် သတ်မှတ်ထားသည့် ကျင့် ဝတ်များကို ကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ လိုက်နာရန် တာဝန်ရှိပေ သည်။ဥပမာ၊ ဆရာဝန်၊ ရဲ၊ ရှေ့နေ စသူ တို့တွင် ၎င်းတို့လုပ်ငန်းနယ်ပယ်အလိုက် လိုက်နာရမည့် ကျင့်ဝတ် အသီးသီး ရှိပေ မည်။ ထို ဆရာဝန်၊ ရဲ၊ ရှေ့နေတို့သည် ကျင့်ဝတ်များကို ကြိုက်ကြိုက် မကြိုက် ကြိုက် တတ်နိုင်သမျှ လိုက်နာစောင့်ထိန်း ရန် တာဝန် ရှိပေသည်။
ကိုယ်ကျင့်သိက္ခာနှင့်ပတ်သက်၍ ဥပမာ ထပ်ပေးလိုပါသည်။

လွန်ခဲ့သောနှစ်က ရန်ကုန်တွင် အငှားယာဉ်မောင်းတစ်ဦးသည် သူ၏ကားပေါ်တွင်ကျန်ခဲ့သည့် ကျပ်သိန်းတစ် ထောင်ကျော် တန်ဖိုးရှိ ကျောက်မျက် များကို ပိုင်ရှင်ဖြစ်သူထံပြန်လည် အပ်နှံခဲ့ပါသည်။ နောက်ဖြစ်ရပ်တစ်ခုမှာ ဘတ်စ်ကားယာဉ်မောင်းနှင့် ယာဉ်အကူ တို့သည် ၎င်းတို့ကားပေါ်တွင် ကျန်ခဲ့ သည့် ဒေါ်လာရှစ်သောင်းကျော် ပါသော ပိုက်ဆံအိတ်ကို ပိုင်ရှင် နိုင်ငံခြားသားထံ ပြန်လည်ပေးအပ်ခဲ့ ပါသည်။ ]]မေ့ကျန် ပစ္စည်းတာဝန်မယူ}} ဟုပင် စာကပ်ထား တတ်သည့် ကားလောကတွင် ထိုကား ဆရာများ၏ ကိုယ်ကျင့်သိက္ခာမှာ စံထား လေးစားဖွယ်ပင် ဖြစ်ပါသည်။

ဆန့်ကျင်ဘက်ဆိုရလျှင် ခရီးသည် ထံမှ လုယက်သော ယာဉ်မောင်း၊ ခရီး သည်များကို မချေမငံဆက်ဆံ၊ အသက် ကြီးရွယ်အိုခရီးသည်ကိုပင် ရိုက်နှက်ရန် ပြုသော ယာဉ်မောင်း၊ ယာဉ်အကူများ ကိုလည်း တွေ့ရပေမည်။ ထိုသူမျိုး တို့သည် ကိုယ်ကျင့် သိက္ခာမဲ့ကြသလို၊ အလုပ်နှင့် သက်ဆိုင်သည့်ကျင့်ဝတ် သိက္ခာလည်း လိုက်နာကြသူများ မဟုတ် ပေ။ အသက်မပြည့် အရွယ် မရောက်သေး သည့် ကျောင်းသူများအပေါ် အနိုင်ကျင့် စော်ကားခဲ့သည့် ကျောင်းဆရာမျိုးသည် လည်း ကိုယ်ကျင့်သိက္ခာရော၊ ကျင့်ဝတ် သိက္ခာအရပါ နုံခြာလှသည့်လူမျိုး ဖြစ် သည်။
တစ်ခါတစ်ရံတွင်မူ ကိုယ်ကျင့် သိက္ခာစံနှင့် ကျင့်ဝတ်သိက္ခာ စံတို့အား ကွဲပြားစွာမြင်နိုင်သော အဖြစ်အပျက် များရှိသည်။

ဥပမာ၊ ဗုဒ္ဓတရားတော်လာ ဇာတ် တော်အချို့တွင် ခိုးသားဓားပြတို့ အကြောင်း ပါဝင်သည်။ ထိုခိုးသားဓား ပြတို့သည် မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်ခံ နိုင်ဖွယ်မရှိသော လုယုတိုက်ခိုက်ခြင်းဖြင့် အသက်မွေးကြသည်။ လူ့အဖွဲ့အစည်း အမြင်အရ ထိုခိုးသားဓားပြတို့၏ လုပ်ရပ် မှာ ကိုယ်ကျင့်သိက္ခာတရား ကင်းမဲ့သော သူများ၏ မကောင်းသည့် လုပ်ရပ်မျိုး ဖြစ်သည်။ ဆိုလိုသည်မှာ ထိုခိုးသား တို့သည် ကိုယ်ကျင့်စာရိတ္တ မကောင်းပေ။သို့သော်လည်း ထိုခိုးသားတို့သည် ၎င်းတို့အဖွဲ့သား အချင်းချင်းနှင့် ခေါင်း ဆောင်အပေါ်တွင် သစ္စာရှိ ကတိတည် ကြသည်။ ၎င်းတို့ ခေါင်းဆောင်ခိုးမှူးကြီး ချမှတ်ထားသည့် ကျင့်ဝတ်ကို တစ်သ ဝေမတိမ်း စောင့်ထိန်းကြလေသည်။

တခါတရံ၌မူ မိမိယုံကြည်တန်ဖိုး ထားလိုက်နာသော ကိုယ်ကျင့်သိက္ခာ တရားနှင့် မိမိအလုပ်အသက်မွေးမှုအရ လိုက်နာရသည့် ကျင့်ဝတ်တို့အကြား ဒွိဟဖြစ်ဖွယ် အငြင်းပွားဖွယ် ပြဿနာဖြစ် ဖွယ် အခြေအနေမျိုးလည်း ရှိတတ်သည်။ဥပမာ၊ ရှေ့နေတစ်ဦး၏ အလုပ်မှာ မိမိအမှုသည်ကို အမှုနိုင်အောင်၊ အပြစ်မှ လွတ်အောင်၊ အပြစ်ပေါ့လျော့အောင် တတ်နိုင်သမျှ အားထုတ်ရန်ဖြစ်သည်။ သို့သော် ထိုရှေ့နေ ယုံကြည်လက်ခံ ကျင့်သုံးသည့် ကိုယ်ကျင့်စံနှုန်းအရ လက်မခံနိုင်သော ပြစ်မှုမျိုး ကျူးလွန် ထားသည့် အမှုသည်ကို လက်ခံပါမည် လား။ ထိုအမှုသည်ကို အပြစ်မှ လွတ် အောင်၊ အပြစ်ပေါ့လျော့အောင် အား ထုတ်ကူညီဖို့ဆိုသည်မှာ ဖြစ်နိုင်ပါမည် လား။ ထိုနည်းတူ အပြစ်ကင်းမဲ့သည့် အဖြစ်ကို သိလျက် ထိုအပြစ်ကင်းသူအား အပြစ်မရရအောင် ကြိုးပမ်းဖို့ဆိုသည်ကား အတော်ခက်ပေမည်။

သို့သော် အလုပ်ကျင့်ဝတ်သိက္ခာ အရကား လုပ်ခဲ့ရကောင်း လုပ်ခဲ့ရပေမည်။အချုပ်ဆိုရသော် Morality နှင့် Ethicsတို့၏ အဓိပ္ပာယ်မှာ နီးကပ်စွာ ဆက်နွယ်နေပြီး တစ်ခါတစ်ရံတွင် လွန်စွာခွဲရခက်ပေသည်။ အလွယ်အနေ ဖြင့်မူ မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းမှ လက်ခံ နိုင်သော မိမိယုံကြည်တန်ဖိုးထား ကျင့်သုံးသည့် စံနှုန်းများသည် ကိုယ်ကျင့် သိက္ခာတရား ဖြစ်သည်။

မိမိ၏ အသက်အရွယ် အလိုက်၊ အခြေအနေ အလုပ်အကိုင်အသက်မွေးမှု နယ်ပယ်အလိုက် လိုက်နာရမည့် စံနှုန်း ဥပဒေသများကား ကျင့်ဝတ်သိက္ခာပင် ဖြစ်သည်။၎င်းနှစ်ခုကြား ကွာဟချက်မှာ ကိုယ်ကျင့်သိက္ခာသည် မိမိနှင့်အဓိက သက်ဆိုင်၍ မိမိယုံကြည်လက်ခံမှု၊ လိုက်နာကျင့်သုံးမှုအပေါ်တွင်မူတည်သည်။ကျင့်ဝတ်သိက္ခာ သည်ကား လူ့ အဖွဲ့အစည်း၊ လုပ်ငန်းနယ်ပယ်မှ သတ် မှတ်ထားပြီး မိမိနှင့်သက်ဆိုင်ရာ ကျင့် ဝတ်ကိုသာ လိုက်နာရရိုးဖြစ်သည်။ တပည့်ဘ၀ အရွယ်တွင် ဆရာကျင့်ဝတ်ကို လိုက်နာရန် မလိုအပ်သေးသလို၊ အခြေ အနေ၊ အသက်အရွယ်အရ ဖြစ်ပေါ်လာ သည့်သက်ဆိုင်ရာ ကျင့်ဝတ်သိက္ခာကိုသာ လိုက်နာရမည် ဖြစ်သည်။

ဤမျှဆိုလျှင် ထိုစကားလုံးနှစ်လုံး၏ အဓိပ္ပာယ် လည်းကွဲပြား ရှင်းလင်းမည်ဟု ထင်ပါသည်။
စာဖတ်သူများ တွေးဆ ဆင်ခြင်နိုင် ကြပါစေ။

Ref: Morality & Ethics by Khin Maung Myint, The Global New Light Of Myanmar, Vol. III, No.222
http://www.diffen.com/difference/Ethics_vs_Morals
https://en.m.wikipedia.org/wiki/Morality_and_religion
https://www.reference.com/world-view/difference-between-morality-ethics-e5a83d5135b9 3204