နွေရာသီ ပန်းချီသင်တန်း မတ်လ ၁ ရက်နေ့ ဖွင့်မည်

0
444

မူလတန်းနှင့်အလယ်တန်း ကျောင်းသားအရွယ် ကလေးငယ်များ အတွက် နွေရာသီပန်းချီ သင်တန်းကို လာမည့်မတ်လ ၁ ရက်တွင် ဖွင့်မည် ဖြစ်ကြောင်း ထားဝယ်ခရိုင် ပန်းချီ၊ ပန်းပု အစည်းအရုံးထံမှ သိရသည်။

နှစ်စဉ်သင်ကြားလျက်ရှိသည့် နွေရာသီပန်းချီသင်တန်းကို ယခုနှစ်တွင် ၅ ကြိမ်မြောက် ဖွင့်လှစ်မည်ဖြစ်သည်။ထားဝယ်မြို့၊ လောကမာရဇိန် ဘုရားကြီးဝင်းအတွင်းရှိ အောင်ဓာတ် တိုင်ဘုရားဓမ္မာရုံတွင် နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ သင်ကြားမည်ဖြစ် ကြောင်း ခရိုင် ပန်းချီ၊ ပန်းပုအစည်းအရုံး ထံမှ သိရသည်။

ပြီးခဲ့သည့် ၄ နှစ် ဖွင့်ခဲ့သည့် သင်တန်းများအားလုံးကို တက်ရောက် ခဲ့ပြီးသည့် အခြေခံခိုင်မာပြီးသူများ အ တွက် အထူးတန်းကို လည်းကောင်း၊ သင်တန်း ၁ နှစ်၊ ၂ နှစ် စသဖြင့် တက်ဖူး သည့် သင်တန်းအတွေ့အကြုံရှိသူများ အတွက် အဆင့်မြင့်တန်းကိုလည်း ကောင်း၊ သင်တန်း မတက်ဖူးသူများ အတွက် အခြေခံတန်း ကိုလည်းကောင်း အတန်း ၃ တန်းခွဲ၍ ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဘုရားကြီး စာကြည့်တိုက် တွင် စာရင်းပေးနိုင်ပြီး ဖုန်းနံပါတ် ၀၉-၄၅၅၁၉၂၈၅၇ သို့လည်း ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရသည်။