တနင်္သာရီ နယ်စပ်ဂိတ်များတွင် X-ray စက်များ တပ်ဆင်မည်

0
473

တနင်္သာရီတိုင်းအတွင်းရှိ နယ်စပ် ဝင်ပေါက်များတွင် လုံခြုံရေးအရ စစ် ဆေးနိုင်ရန် ဌ-Rဗ့ စက်များ တပ်ဆင် သွားရန်အတွက် တိုင်းဒေသကြီး အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

ထီးခီး၊ မောတောင်၊ ကော့သောင်း နှင့် မလွှဲတောင်ဂိတ်တို့တွင် လုံခြုံရေး စစ်ဆေးနိုင်ရန်အတွက် ဝယ်ယူ တပ်ဆင် နိုင်ရန် ဖေဖော်ဝါရီလအတွင်း တင်ပြ သွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူး က ပြောသည်။လက်ရှိအချိန်တွင် လူအားဖြင့် စစ်ဆေးနေရသည့်အတွက် တိတိကျကျ စစ်ဆေးနိုင်ရန် အခက်အခဲရှိပြီး ရှာဖွေ စစ်ဆေးရန်အတွက် အဆင့်မြင့်သည့် ခေတ်မီပစ္စည်းများ လိုအပ်ကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရဲမှူးကြီး နေမျိုးက ပြောသည်။

X-ray စက် တပ်ဆင်မည်ဆို ပါက ခေတ်နှင့်လိုက်လျောညီထွေသည့် အဆင်ပြေနိုင်မည့် စက်ကို ဝယ်ယူ သင့်ပြီး စစ်ဆေးသည့် လုံခြုံရေးတာဝန်ရှိသူက လည်း ဂရုတစိုက်စစ်ဆေးရန် လိုအပ် မည်ဖြစ်ကြောင်း ထားဝယ်မြို့နေ စီးပွား ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်ဦး က ထောက်ပြသည်။”လေဆိပ်မှာ တပ်ထားတဲ့ စက် အရွယ်အစားကိုပဲ ဝယ်မယ်ဆိုရင် ဆိုင်းဘုတ် ထောင်လို့ရတာပဲ အဖတ် တင်မယ်၊ ဘာမှထူးမှာ မဟုတ်ဘူး” ဟု ဦးကျော်ဦးက ဆိုသည်။

ကားတစ်စီးလုံးကို စစ်ဆေးနိုင်မည့် စက်မျိုးကို ဝယ်ယူ တပ်ဆင်မှသာ အကျိုး ရှိမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။