ရေဖြူ မီတာခပြေစာကိစ္စ ရွာ သားများ ရှင်းရှင်းလင်းလင်းသိလို

0
428

ကျပ် ၃၀၀ တန် ဂက်စ်လိုင်းဖြင့် လျှပ်စစ်ဖြန့်ဝေနေသော ရေဖြူမြို့နယ် (ဃ)ရပ်ကွက်၏ မီးလင်းရေးကော်မတီမှ လျှပ်စစ်မီးသုံးစွဲခ ပြေစာတွင် ရေးသား ထားသည့် ငွေကောက်ခံနှုန်းထားများ အပေါ် မရှင်းလင်းကြောင်း ရွာသားများ က ပြောကြသည်။

တစ်ယူနစ်ကျသင့်ငွေအား ၃၀၀ ကျပ်ဖြင့် ကောက်ခံသော်လည်း ထိန်းသိန်းခ ကျပ် ၅၀၀ ၊ လမ်းမီး ၇၀၀ + ၁၀၀ နှင့် အခြားခေါင်းစဉ်ဖြင့် ကျပ် ၃၀၀၀ ရေးသားကောက်ခံသည့်အပေါ် မရှင်း လင်းခြင်းဖြစ်ကာမေးခွန်းထုတ်ကြသည်။ဂက်စ်မီးဖြန့်ဝေသည့် ထားဝယ်နှင့် အခြားမြို့နယ် အများစုတွင် ထိန်းသိမ်း ခမပေးရဘဲ လမ်းမီးခမှာ ပုံမှန် ကျပ် ၄၀၀ နှင့် အခြားဟူသည့်ခေါင်းစဉ်မရှိပေ။” လမ်းမီးခလည်း ဈေးကြီးလွန်း တယ်၊ အပေါင်း တစ်ရာကလည်း ဘာ မှန်းမသိ၊ အခြား ၃၀၀၀ ဆိုတာလည်း ရှင်းပြစေချင်တယ် ” ဟု (ဃ)ရပ်ကွက် သားတစ်ဦးက ပြောသည်။

ရေဖြူမြို့နယ် (ဃ)ရပ်ကွက်၏ မီး လင်းရေးကော်မတီတာဝန်ရှိသူ ကိုကိုမိုးကမူ ၁၀၀ ကျပ်မှာ လမ်းမီးပျက်ပါက မီးဝယ်ထည့်ရန်ဖြစ်ပြီး အခြား ကျပ် ၃၀၀၀ မှာ လမ်းမီးလိုင်းအသစ်တပ်ဆင် ရန် အရစ်ကျကောက်ခံခြင်းဟု ဆိုသည်။လမ်းမီးလိုင်းများ ပြင်ဆင်ရန် တစ် အိမ်လျှင် ၉၀၀၀ ကျပ်ထည့်ဝင်ရန် ရွာ
နှင့်သဘောတူညီမှုရရှိထားပြီး တစ်လ လျှင် ၃၀၀၀ ကျပ် အရစ်ကျ ကောက်ခံ ခြင်းကို အခြားဟုခေါင်းစဉ် တပ်ခြင်းဖြစ်ကြောင်း ကိုကိုမိုးက ပြောသည်။

“နောက်လတွေမှာ အခြားခေါင်း စဉ်အစား လမ်းမီးလိုင်းပြင်ဆင်ခလို့ ပြောင်းရေးမှာပါ”ဟု ၎င်းက ဆိုသည်။
ယခုမူ ယင်းရပ်ကွက်တွင် အခြား ကျပ် ၃၀၀၀ အား ထည့်ဝင်သူရှိသလို မထည့်သူများလည်းရှိပြီး ရပ်ကွက်တစ် ဝက်လမ်းမီးဖြတ်ထားကြောင်း သိရသည်။(ဃ)ရပ်ကွက်တွင် အိမ်ခြေ ၂၄၀ ခန့်ရှိ ပြီး ရပ်ကွက်တွင်းနေထိုင်သူများက ကော် မတီအနေဖြင့် လုပ်ငန်းများကို ရပ်ကွက် အား ရှင်းပြစေချင်ကြောင်းပြောကြသည်။

” ရပ်ကွက်ကို သေသေချာချာ ရှင်း ပြစေချင်တယ်” ဟု အထက်ပါ ရပ်ကွက် သားက ပြောသည်။