ကော့သောင်း ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ကျောက် လိုသလောက်မရှိ

0
435

ချောင်းကျောက် ထုတ်ယူခွင့်မရ တော့၍ ကော့သောင်းမြို့နယ်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်များအတွက် ကျောက်လိုသလောက်မရှိဟု ကော့ သောင်းမြို့နယ် သဲ၊ကျောက် လုပ်ငန်း ရှင်များ အသိုင်းအဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည့် ၃ လ မှစတင်ကာ ချောင်းကျောက်ထုတ်ယူခွင့်ကို တိုင်း အစိုးရမှက တားမြစ်ထားသည်ဟု အထက်အသိုင်းအဝိုင်းမှ သိရသည်။
ယင်း ၃ လ မတိုင်ခင်အထိ တစ်နိုင် တစ်ပိုင် ချောင်းကျောက်ဆယ် ခြင်းကို ဒေသခံများက လုပ်ကိုင်လေ့ရှိပြီး တစ်ကျင်းကို ကျပ် ၆ သောင်း ပေါက် ဈေးရှိသည်ဟု ယင်းအသိုင်းအဝိုင်းထံမှ သိရသည်။

“ကျောက်ခွဲစက်မှာ ရတဲ့ ကျောက် က တစ်ကျင်းကို ကျပ် ၁သိန်းကျော် ပေါက်ဈေးရှိပြီး၊ စက်ပျက်ရက်တွေ ကြောင့် ကျောက်ရှားတယ် ” ဟု သဲ၊ ကျောက်လုပ်ငန်းရှင် ဦးမြင့်အေးက ဆိုသည်။လက်ရှိတွင် ဆောက်လုပ်ရေး လုပ် ငန်းများလည်း တဖြည်းဖြည်းများလာ သည့်အတွက် ကျောက်လိုအပ်ချက်က တဖြည်းဖြည်း မြင့်တက်လာသည်။

ကော့သောင်းမြို့တွင် ၁၂မိုင်ကျေး ရွာရှိ ကျောက်စရစ်ထုတ်သည့် လုပ်ငန်း တစ်ခုတည်းသာ ရှိပြီး ဆောက်လုပ်ရေး လုပ်ငန်းများက ယင်းတစ်ခုကိုသာ အားကိုးနေရသည်။