သတ္တုလက်ကျန်ရှိနေ၍ ကံပေါက်ဒေသကို ရွာအဖြစ်သတ်မှတ်ရေး လတ်တလော အစီအစဉ်မရှိ

0
437

ကံပေါက်ဒေသတွင် သတ္တုလက်ကျန်များ ရှိနေသေးသည့်အတွက် ရွာအဖြစ် သတ်မှတ်ရေး လတ်တလောတွင် အစီအစဉ်မရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၀ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးသတ္တမနေ့တွင် ရေဖြူမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စား
လှယ် ဦးဟန်ဝင်းသိန်းမေးမြန်းခဲ့သည့် ကံပေါက်ဒေသကို သတ္တုတွင်းနယ်မြေ အဖြစ်မှပယ်ဖျက်ပြီး ရွာမြေအဖြစ် သတ် မှတ်ပေးရန် အစီအစဉ်ရှိ^မရှိ ဟူသည့်
မေးခွန်းကို ဝန်ကြီးဦးအောင်ဝင်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ် သည်။

” ထပ်မံတွေ့ရှိရတဲ့ စမ်းသပ်တိုင်း တာချက်များအရ သတ္တုလက်ကျန်များ များစွာ ရှိနေတဲ့အတွက်ကြောင့်မို့လို့ လောလောဆယ်မှာ ကံပေါက်ဒေသကို သတ္တုတွင်းနယ်မြေမှ ပယ်ဖျက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းတင် ပြအပ်ပါတယ်” ဟု ဝန်ကြီး ဦးအောင်ဝင်းက လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။လက်ရှိသတ္တုတူးဖော်နေသည့် ဒယ်လ်ကို ကုမ္ပဏီက ကံပေါက်သတ္တု တွင်း ခွင့်ပြုလုပ်ကွက်အတွင်း နိုင်ငံခြား အကူအညီဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ စမ်းသပ်တိုင်းတာမှုများပြုလုပ်ခဲ့ရာခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာ စုစုပေါင်း ၂၁၆၀၀ မက်ထ ရစ်တန် ခန့်ရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။

” ကံပေါက်က ရွာတောင် မဟုတ် ဘူး။ မြို့ပြတစ်ခုလိုကို ဖြစ်နေတာ။ ဒါပေမယ့် သတ္တုတွင်းမြေထဲမှာဆိုတော့
ဘာမှ အာမခံချက်မရှိသလိုကိုဖြစ်နေ တယ်” ဟု မေးခွန်းမေးမြန်းခဲ့သည့် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးဟန် ဝင်းသိန်းက တနင်္သာရီအပတ်စဉ်သို့ ပြောသည်။ဒေသခံများ၏ နေအိမ်၊ ဥယျာဉ်ခြံ မြေများမှာ အထောက်အထားခိုင်မာမှုမရှိသည့်အတွက် မြေယာပြဿနာဖြစ် ပွားပါက ဒေသခံများ နစ်နာမည်ဖြစ် ကြောင်း ဦးဟန်ဝင်းသိန်းက ဆိုသည်။

” အခုက မီးခဲပုံပေါ်မှာ ထိုင်နေရ သလိုဖြစ်နေတယ်။ ဘယ်အချိန် အိမ် အောက်မှာ ခဲရှိတယ်ဆိုပြီး လာတူးကြ မလဲမသိဘူး”ဟု ကံပေါက်ဒေသခံ ဦးကျော်မိုးဦးက ပြောသည်သတ္တုတွင်းကုမ္ပဏီကို သတ္တုထုတ် လုပ်ခွင့်ကို အမြဲတမ်း သက်တမ်းတိုး ပေးနေသော်လည်း ဒေသခံများအတွက် ရွာမြေ သတ်မှတ် ပေးရန်ကိုမူ အဘယ် ကြောင့် တွန့်တိုနေသနည်းဟု အစိုးရ ကို မေးခွန်းထုတ်လိုသည်ဟု ဦးကျော်မိုးဦးက ဆိုသည်။

ကံပေါက်ဒေသတွင် ဆေးရုံ၊ အ ထက်တန်းကျောင်း၊ ဈေး၊ ကားကွင်း စသည့်တို့ရှိသော်လည်း လက်ရှိအချိန် အထိ ပြည်ထဲရေးတွင် အမည်ပေါက်
ခြင်းမရှိသေးကြောင်း သိရသည်။