ပုလောမီးလောင်မှု လူ ၆၀ ကျော် မီးဘေးသင့်

0
480

မြိတ်ခရိုင် ပုလောမြို့နယ် ရှပ်ပုံ ကျေးရွာတွင် ဖေဖော်ဝါရီလ ၉ ရက် ည ၁၁ နာရီအချိန်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ပြီး လူဦးရေ ၆၆ ဦး မီးဘေးသင့်ခဲ့ရကြောင်း ယင်းမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇင် ထိုက်ထံမှ သိရသည်။

ယင်းကျေးရွာ နေအိမ်တစ်အိမ်ရှိ ဒီဇယ်ပီပါများနှင့် အိမ်ဆောက်ပစ္စည်း များ သိုလှောင်ထားသည့် အဆောက်အဦ အတွင်း မီးစတင် လောင်ကျွမ်းကာ စုစုပေါင်း လူနေအိမ် ၁၃ ဆောင်နှင့် အိမ်ထောင်စု ၁၄ စု မီးဘေးသင့်ရကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။” ညအိပ်ယာဝင်ခါနီး ဒီဇယ်ပီပါ တွေကို ဝင်စစ်တဲ့အချိန်မှာ ပစ်ချထားခဲ့ တဲ့ ဆေးလိပ်မီးကနေတဆင့် မီးလောင်ခဲ့ ရတာပါ}}ဟု ဦးစီးမှူး ဦးကျော်ဇင်ထိုက်က ပြောသည်။

မီးသတ်ဦးစီးဌာနတို့မှ ရေသယ် ယာဉ်များနှင့် ပြည်သူတို့မှ ဝိုင်းဝန်းငြိမ်း သတ်ခဲ့သဖြင့် ည ၁ နာရီခွဲအချိန်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ မရှိဟု အထက်ပါဌာနမှ သိရသည်။ ” မီးဘေးသင့်တဲ့ ရွာသားတွေကို ရွာက ဘုန်းကြီးကျောင်းမှာ နေရာချထား ပေးပါတယ်}}ဟု ရှပ်ပုံကျေးရွာ အုပ်ချုပ် ရေးမှူးဦးကျော်ရှင်က ပြောသည်။

ယင်းမီးလောင်မှုတွင် မီးဘေးသင့် ရွာသားများအတွက် မြိတ်မြို့ရှိ ပရဟိတ အဖွဲ့အစည်းတချို့နှင့် စေတနာရှင်များ တို့က ကယ်ဆယ်ရေးပစ္စည်းများ သွား ရောက်လှူဒါန်းနေပြီ ဖြစ်ကြောင်း ပရဟိ တ အဖွဲ့အစည်းတချို့မှ သိရသည်။
မီးလောင်မှုကြောင့် ဦးထင်ဇော်ဆို သူအား ပုလောမြို့နယ်ရဲစခန်းမှ (ပ) ၃၁^၂၀၁၇၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းမှ သိရသည်။