ခရီးသွားကုမ္ပဏီ အများစု ပဲ့စင်ကျွန်းဘက်လှည့်

0
387

ဘုတ်ကျွန်းသို့ တရားဝင်လည်ပတ် ခွင့်မရသေးသည့်အတွက် ခရီးသွား ကုမ္ပဏီအများစုက ဘုတ်ကျွန်းနှင့် မျက်ချင်းဆိုင် အနေအထား၌ရှိသော ပဲ့စင်
ကျွန်းကို ပို့ဆောင်လာကြကြောင်း ထားဝယ်အခြေစိုက် ခရီးသွားကုမ္ပဏီအချို့ထံမှ သိရသည်။

ယခင်က ရှင်ကိုးရှင်ဘုရားဖူးအစီအစဉ်နှင့် ဘုတ်ကျွန်းခရီးစဉ်ကို တွဲဖက်ပို့ဆောင်လေ့ရှိသည်။ သို့သော် လက်ရှိအချိန်တွင် ဘုတ် ကျွန်းကို တရားဝင်ပို့ဆောင်ခွင့်မရှိသည့် အတွက် ရေငုပ်ကာ သန္တာကျောက်တန်း အလှကြည့်နိုင်သည့် ပဲ့စင်ကျွန်းနှင့် ကျောက်ခရံကမ်းခြေကို ပို့ဆောင်ပေးနေ
ကြောင်း Dawei Toee ခရီးသွားကုမ္ပဏီ မှ ဒါရိုက်တာ ဦးမျိုးဦးက ဆိုသည်။” ဘုတ်ကျွန်းက ပိတ်ထားတော့ စိတ်အနှောင့်အယှက်ဖြစ်ခံပြီး မပို့ချင် တော့လို့ပါ” ဟု ဦးမျိုးဦးက ပြောသည်။

ပဲ့စင်ကျွန်းမှာ လောင်းလုံးမြို့နယ် အတွင်းတည်ရှိပြီး ပင်လယ် ကမ်းစပ်နှင့် အနည်းငယ်သာ ကွာဝေးသည်။လောင်းလုံး ဘုတ်ကျွန်းကို သွား
ခွင့်မရှိသည့်အတွက် ခရီးသွားများ လာ ရောက်မှုမှာ ပြီးခဲ့သည့်နှစ်ထက်လျော့ နည်းသွားကြောင်း ကျွန်းပတ်လည်ခရီး သွားကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ကိုကိုထွဋ်ကဆိုသည်။

ဘုတ်ကျွန်းကို သွားခွင့်မရသည့် အတွက် ပဲ့စင်ကျွန်းကို ပို့ဆောင်ပေး နေပြီး အဆိုပါကျွန်းတွင် လည်ပတ်မည့် နေရာနည်းပါးကြောင်း Skပ Lငါ့အ ခရီးသွားကုမ္ပဏီမှ ပိုင်ရှင်ဖြစ်သူ ဒေါ်မိုး မိုးသူက ဆိုသည်။