တနင်္သာရီတိုင်း ငှက်သိုက်စုသိမ်းခွင့် တင်ဒါ စခေါ်

0
421

ခရီးသွားလုပ်ငန်းရှင်များ စိတ်ဝင် စားလာသည့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ကျွန်းအုပ်စု ၄ ခုပေါ်မှ ဇီဝဇိုးငှက်သိုက်များ စုသိမ်းခွင့် တင်ဒါ လျှောက်လွှာများ စတင်ရောင်းချနေပြီ ဖြစ်သည်။

တင်ဒါလျှောက်လွှာများကို ဇန်န ဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက် အထိ တိုင်းဒေသကြီး သစ်တောဦးစီး ဌာနရုံးတွင် တစ်စောင် ကျပ် ၅ သောင်း ဖြင့် ဝယ်ယူရမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်တွင် ဈေးပြိုင် အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချသွားမည်ဟု ယင်း ဌာနမှ သိရသည်။
ယခင် ၂၀၁၅ – ၂၀၁၆ခုနှစ်တွင် ခရီးသွားကုမ္ပဏီများ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး Grand Adman Islands ခရီး သွားကုမ္ပဏီ တစ်ခုတည်းမှ ကျွန်းအုပ်စု ၃ ခု အောင်မြင်ကာ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီက တန်ကြေးအနည်းဆုံး ကျွန်းအုပ်စုတစ်ခု တင်ဒါအောင်ခဲ့သည်။

ငှက်သိုက်စုသိမ်းခွင့်ရသည့် ကျွန်း များပေါ်တွင် ဟိုတယ်များ ဆောက် လုပ်ခြင်း၊ ခရီးသွားများ ညအိပ်ညနေ ပြုခြင်းမရှိဘဲ နေ့ချင်းပြန် သွားရောက် လည်ပတ်ကြသဖြင့် ဇီဝဇိုးငှက်များ အတွက် ငှက်သိုက်ပြုလုပ်ခြင်းကို မထိ ခိုက်နိုင်ဟု တိုင်းသစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။

တနင်္သာရီတိုင်းရှိ ကျွန်းများသို့ ၂၀၁၅ ခုနှစ်မှစ ခရီးသွားများ မျက်စိ ကျလာပြီးနောက်ပိုင်း ၂၀၁၅ – ၂၀၁၆ ငှက်သိုက်တင်ဒါ အောင်ဈေးမှာ ၃ ဆ အထိ မြင့်တက်ခဲ့သည်။
ပြီးခဲ့သည့်နှစ် တင်ဒါအောင် ကုမ္ပဏီမှလည်း ခရီးသွား လုပ်ငန်းကို အဓိကထား လုပ်ကိုင်မည်ဟု ပြောဆို ထားသည်။