မောတောင် စာသင်ကျောင်းမှ ကောက်ခံထားသည့် ငွေများပြန်ပေး

0
330

မြန်မာ-ထိုင်းနယ်စပ်ဒေသတစ်ခု ဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင် နယ်စပ်ရှိ အခြေခံပညာ အလယ်တန်း ကျောင်းမှ ကောက်ခံထားသည့် ငွေများ ကို ဇန်နဝါရီလ ၃၁ ရက်တွင် ပြန်ပေး နေပြီဖြစ်ကြောင်း ယင်းကျောင်း အကျိုး တော်ဆောင်ကော်မတီ အဖွဲ့ဝင် ဒေါ်လှဝင်းထံမှ သိရသည်။

အစိုးရစစ် စာမေးပွဲမေးခွန်းများ ထုတ်ယူရန်၊ ကြီးကြပ်ရေးမှူးတို့အား ကြိုပို့ရန်၊ အခြား ကျေးရွာများမှ စာ မေးပွဲအတွက် တာဝန်လာကျသည့် ဆရာ^မများ တည်းခိုရန်နှင့် အစား အသောက်စရိတ်အတွက် ကျောင်းသား မိဘများထံမှ ငွေကြေး ကောက်ခံခဲ့ခြင်း ဖြစ် ကြောင်း ယင်းကျောင်းမှ သိရသည်။

“ကျောင်းသားမိဘတွေရဲ့ သဘော ထားရယူပြီး အစည်းအဝေး ဆုံးဖြတ်ချက် အရ ကောက်ခံထားတာပါ၊ ဆရာမကြီး က ကောက်ခံတာ မဟုတ်ပါဘူး ” ဟု ကော်မတီအဖွဲ့ဝင် ဒေါ်လှဝင်းက ပြောသည်။

ကုန်ကျစရိတ်များအတွက် ကျောင်း သားတစ်ဦးလျှင် အနည်ဆုံး ထိုင်း ဘတ် ငွေ ၂၀၀ မှ ၂၅၀ အထိ ကောက်ခံခဲ့သော် လည်း အတင်းအကြပ် အပြည့် ထည့် ပေးရခြင်းမျိုး မဟုတ်ကြောင်း အကျိုး တော်ဆောင်အဖွဲ့မှ သိရသည်။ယင်းသို့ ငွေကြေး ကောက်ခံနေ သည်မှာ ၃ နှစ်ခန့်ရှိနေပြီဖြစ်ကာ ယခု နှစ်တွင် ကျောင်းသား မိဘတစ်ဦးမှ တိုင်ကြားခဲ့ပြီး နောက်တွင် ငွေများကို ကျောင်းသားမိဘများထံ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ကော်မတီမှ သိရ သည်။

အဆိုပါစာမေးပွဲအတွက် အထက် ပါကုန်ကျစရိတ်များကို တနင်္သာရီမြို့ နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တာဝန်ယူသွားမည်ဖြစ်ကြောင်း ကော် မတီမှ သိရသည်။”မောတောင်ဒေသ အနေအထား အရ လိုအပ်လို့ ကောက်ခံတာရတာပါ” ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်း စန်းမြင့်က ပြောသည်။

မောတောင် စာသင်ကျောင်း အတွက် မေးခွန်များကို မိုင် ၇၀ ခန့် ဝေးသည့် တနင်္သာရီမြို့မှ သယ်ယူရာ တွင် ကြီးကြပ်ရေးမှူးများ၊ လုံခြုံရေးများ လိုအပ်ပြီး ယင်းအတွက် အသွားအပြန် ကုန်ကျစရိတ်များနှင့် အခြားကျေးရွာ များမှ တာဝန်ကျလာမည့် ဆရာ၊ ဆရာမ ၁၂ ဦးအတွက် ၉ ရက်ကြာ တည်းခိုနိုင် ရန်နှင့် ကျွေးမွေးစရိတ်များကို ကျောင်းသား မိဘများထံမှ ကော်မတီမှ ကောက်ခံခဲ့ ခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမ ကြီးထံမှ သိရသည်။
မောတောင်အခြေခံပညာ အလယ် တန်းကျောင်းတွင် ကျောင်းသား/သူ ၁၄၀ ကျော်နှင့် ဆရာ၊ ဆရာမနှင့် ပညာ ရေးဝန်ထမ်း ၂၅ ဦးရှိကြောင်း ယင်း ကျောင်းထံမှ သိရသည်။