မြိတ်တွင် ဘေးတွဲမော်တော်ဆိုင်ကယ်များ စည်းကြပ်မည်

0
417

မြိတ်မြို့နယ်အတွင်းရှိ ဘေးတွဲ မော်တော်ဆိုင်ကယ်များအား စည်းကြပ် နိုင်ရန် စာရင်းကောက်လျက်ရှိကြောင်း ယင်းမြို့နယ် ပုဂ္ဂလိက ယာဉ်များ ပြေး ဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ် ရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဘေးတွဲများကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ ဆက်လက် စိစစ်ပြီးလုပ်ငန်းများပြန်လည် လုပ်ကိုင် ခွင့်ပြုမည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိက ပြောသည်။

သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ဖေဖော်ဝါ ရီလ ၅ ရက် နောက်ဆုံးထား စာရင်းပေး သွင်း ရမည်ဖြစ်ပြီး စည်းကမ်းတကျ ကိုင်တွယ်နိုင်ရန်နှင့် ယာဉ်အစီးရေ လျှော့ချရေးနိုင်ရေးအတွက် လုပ်ဆောင် ရမည့် လုပ်ငန်းများကိုမူ မသတ်မှတ်ရ သေးကြောင်း ပုဂ္ဂလိက ယာဉ်များ ပြေးဆွဲ ရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ သိရသည်။

“ဘေးတွဲတွေ ဖျက်သိမ်းမယ်ဆိုရင် အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ သေချာ စာရင်းပြုစုပြီး အစီးရေ ကန့်သတ် ချက်နဲ့ တရားဝင်လိုင်စင် ထုတ်ပေးသင့် တယ် ” ဟု မြိတ်မြို့၊ နောက်လယ် ၁၀ လမ်းထိပ်တွင် ဘေး တွဲ ဆိုင်ကယ်မောင်း နှင်နေသူတစ်ဦးက မှတ်ချက်ပြုသည်။ယာဉ်တိုက်မှု မကြာခဏဖြစ်ခြင်း၊ တန်ပိုတင်ခြင်း၊ ကြံ့ခိုင်မှု အားနည်း သည့် ယာဉ်များဖြင့် မောင်းနှင်ခြင်း၊ အသက် မပြည့် (၁၈ အောက်) သူများ မောင်းနှင်ခြင်းတို့ ရှိနေကြောင်း ယာဉ် လုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

ဘေးတွဲများအတွက် သက်ဆိုင်ရာ ဌာနမှ လိုင်စင် ထုတ်ပေးထားခြင်း မရှိ သော်လည်း ဒေသတွင်း သယ်ယူပို့ ဆောင်ရေး လုပ်ငန်းများအတွက် မောင်း နှင် လုပ်ကိုင်နေကြသည်။ မြိတ်မြို့နယ်အတွင်း ဘေးတွဲ ဆိုင် ကယ်အစီးရေ ၂၀၀၀ ဝန်းကျင်ခန့် ရှိနိုင်ကြောင်း ယင်းကော်မတီမှ သိရသည်။