သင်တန်းကြေးယူသည့် ကရာတေးသင်တန်း စဖွင့်

0
390

ထားဝယ်တွင် သင်တန်းကြေးဖြင့် ပထမဆုံးဖွင့်လှစ်သည့် ကျို့ခ်ရှင်း ကရာတေးသင်တန်းကို စတင်ဖွင့်လှစ် နေပြီဖြစ်ကြောင်း အဆိုပါ ကရာတေး သင်တန်းဖွင့်လှစ်ထားသည့် တနင်္သာရီ တိုင်း သင်တန်းမှူးထံမှ သိရသည်။

အသက် ၁၀ နှစ်အရွယ်မှ ၆၀ နှစ် အတွင်းရှိ အမျိုးသား၊ အမျိုးသမီးများကို လက်ခံနေပြီး ကနဦးအနေဖြင့် သင်တန်း ကြေးကို တစ်လကျပ် ၂ သောင်းနှုန်း သတ်မှတ်ထားကြောင်း သင်တန်းမှူးက ဆို သည်။အဆိုပါ ကရာတေး ကစားနည်းကို ပြီးခဲ့သည့် ၂ နှစ်ခန့်မှ စတင်ကာ အခမဲ့ သင်ကြားပေးနေပြီး လက်ရှိအချိန် တွင်မူ သင်တန်းသားများ ပညာကို တန်ဖိုးထား တတ်စေရန် အခကြေးငွေ သတ်မှတ်ခြင်း ဖြစ်ကြောင်း သင်တန်း မှူး ဦးရဲအောင်က ရှင်းပြသည်။
” လူငယ်တွေရဲ့ အကျင့်စာရိတ္တ၊ ကာယ ဥာဏအားတွေ တိုးပွားလာဖို့ လည်း ရည်ရွယ်ပါတယ်” ဟု ဦးရဲအောင် က ပြောသည်။

သင်တန်းကို အပတ်စဉ် တနင်္လာ နေ့မှ သောကြာနေ့အထိ ညနေ ၆ နာရီ ခွဲမှ ည ၈ နာရီအချိန်အတွင်း သင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်းသား အသစ် လက်ခံခြင်းကို ရက်အကန့် အသတ်မရှိ လက်ခံနေသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ကျို့ခ်ရှင်း ကရာတေး ကစားနည်းနှင့် ရှိုတိုကန် ကရာတေး ကစားနည်း ဟူ၍ နှစ်မျိုးရှိပြီး ကမ္ဘာတွင် ကရာတေး ကစားနည်းပေါင်း ဆယ်ချီရှိ ကြောင်း ဦးရဲအောင်က ရှင်းပြသည်။

သင်တန်းကို ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် ဖွင့်လှစ် ထားပြီး သင်တန်းတက်ရောက်ရန် ဖုန်း-၀၉၇၈၈၉၀၉၆၆၃နှင့် ဦးတင်ထွန်း လက်ဖက်ရည်ဆိုင်တွင် ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရသည်။