ဖယ်ဒရယ် အရေး အစကောင်းပါမှ

0
475

ရွှေပြည်ကြီးတွင် ကြားရမြင်ရ သည်များ စိတ်လက် မချမ်းမြေ့စရာပေါ လှပေ၏။သိတော်မူကြသည့်အတိုင်း တိုင်း ရေးပြည်ရာက ငြိမ်လှသည်မဟုတ်။ လက်ရှိ အစိုးရကလည်း အနှစ် ၇၀ လောက်နီးပါးရှိပြီဖြစ်သည့် ပြည်တွင်းစစ် ပဋိပက္ခကို ဖြေရှင်းဖို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကြိုးစားပမ်းစား ဆောင် ရွက်နေသည်။

မျှော်မှန်းသလို အစိုးရသက်တမ်း အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး ရုပ် လုံးပေါ်လာနိုင်ပါ့မလား။ တွေးရင်း စိုးရိမ် မိသည်ကလည်း အခါခါ။
တစ်လောလေးကပင် မြန်မာပြည်ရဲ့ ပထမဆုံးဒေသအလိုက် အမျိုး သား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို တနင်္သာရီတိုင်းတွင် ကျင်းပခဲ့သည်။
ပထမဆုံး ကျင်းပသည့် ပွဲလည်း ဖြစ်၊ ပြင်ဆင်ရချိန် နည်းပါးခြင်းလည်း ဖြစ်၍ အခက်အခဲ၊ စိန်ခေါ်မှုနှင့် အား နည်းချက်များ ရှိခဲ့သည်။
ပွဲဖြစ်မြောက်ရေး တာဝန်ယူခဲ့သည့် တိုင်းဒေသကြီး အစိုးရကလည်း ဝန်ခံ ပြောဆိုခဲ့သည်။နိုင်ငံရေး ဆွေးနွေးပွဲများကို ခရိုင်အ ဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် သာ ကျင်းပနိုင်ခဲ့သည်။ နောင်ဆွေးနွေးပွဲ များကို မြို့နယ်အဆင့်များအထိပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် ကြိုးပမ်းမည်ဟု တာဝန်ရှိသူတစ်ဦးက ဆိုခဲ့သည်။

ယခုကျင်းပနိုင်ခဲ့သည့် ခရိုင်အဆင့် အကြိုဆွေးနွေးပွဲများနှင့် တိုင်းဒေသ ကြီးအဆင့် ဆွေးနွေးပွဲများ၌ တွေ့ခဲ့သည့် အားနည်းချက်များအနက် အဓိက ဆွေး နွေးရမည့် အကြောင်းအရာ ခေါင်းစဉ်နှင့် မကိုက်ညီဘဲ ဆွေးနွေးကြသည်ကိုလည်း စိုးရိမ်ဖွယ်ရာ တွေ့ရသည်။ ယင်းအားနည်းချက်ကြောင့် ဆွေး နွေးချက်များ ဖောင်းပွကာ လိုရာခရီး မရောက်နိုင်ခဲ့ဟု ယေဘုယျကောက် ချက်ဆွဲနိုင်ပေသည်။လေ့လာခွင့်ရခဲ့သည့် ထားဝယ်ခရိုင် အကြိုဆွေးနွေးပွဲတွင် တာဝန်ရှိသူတွေက တက်ရောက်လာသူတွေကို နိုင်ငံရေး၊ စီးပွားရေး၊ မြေယာနှင့်သဘာဝ သယံဇာ တဆိုင်ရာ စာတမ်းများ တိုင်းအဆင့် ဆွေးနွေးပွဲ မတိုင်မီ ထပ်မံတင်သွင်း နိုင်သေးကြောင်း ကြေညာခဲ့ပေသော် လည်း မည်သည့် အကြောင်းအရာ (ဥပမာ နိုင်ငံရေးမှာဆိုရင် ဖက်ဒရယ် စနစ်ဆိုင်ရာ အခြေခံရမည့်မူများ)ကိုသာ ဆွေးနွေး တင်ပြရမည်ကို တိတိကျကျ အသိပေး ပြောဆိုဖို့ အားနည်းခဲ့ပေသည်။

အကျိုးအဆက်အဖြစ် အဖွဲ့အစည်း အချို့နှင့် တစ်သီးပုဂ္ဂလ စာတမ်းရှင် အချို့၏ ဆွေးနွေးချက် စာတမ်းများတွင် နိုင်ငံရေး တစ်ခုလုံးကို ခြုံငြုံဆွေးနွေးထား ကြသကဲ့သို့ အခြားသော တောင်းဆို မှုများ၊ ပြဿနာများ၊ ထင်မြင်ချက်များ များစွာ ပါဝင်လာခဲ့ပါသည်။ ခရိုင်အဆင့် ဆွေးနွေးပွဲများမှ တင်သွင်းလာသော စာတမ်းများကို စာတမ်းပြုစုရေး ကော် မတီက စာတမ်းတစ်စောင်တည်း ဖြစ် အောင် ပြုစုတည်း ဖြတ်လိုက်သော အခါ ထွက်ရှိလာသော စာတမ်းမှာ Uဏီဲဃ က ချမှတ်ထားသည့် ဆွေးနွေးရမည့် ခေါင်းစဉ်အောက် ရောက်သင့်သလောက် မရောက် ခရီးမတွင်ခဲ့ပါ။

အထူးသဖြင့် နိုင်ငံရေးကဏ္ဍဆိုင် ရာ စာတမ်းမူကြမ်းတွင် အထူးသိသာ လှသည်။စာတမ်း၏ အပိုင်း(၁)၊ ဝိသေသလ က္ခဏာများဆိုသည့် ခေါင်းစဉ်အောက် တွင် ” ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်တွင် ဖက်ဒရယ် (Federal) ဟူသော အသုံးအနှုန်း မသုံးခဲ့သော်လည်း ဖက်ဒရယ်စနစ်၏ လက္ခဏာသွင်ပြင် (Federal Feature)) ပါဝင်ပြီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်” ဟု ၂၀၀၈ အခြေခံဥပဒေကို လေ့လာ သုံးသပ်ထား သည့် အရေးအသားမျိုး တွေ့ရသလို စာတမ်း၏ အချို့နေရာများတွင် သမ္မတ စနစ်ကျင့်သုံးသည့် သဘောမူများ ပါဝင် နေပြီး အချို့နေရာတွင် ပါလီမန်စနစ် သဘောတရားမူများ ရောနှော ပါဝင်ကာ ရှုပ်ထွေးမှုများ ဖြစ်နေပေသည်။

ထို့အတူ စီးပွားရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာတမ်း များတွင်လည်း ဆွေးနွေးရမည့် ခေါင်းစဉ် နှင့် မဆိုင်သည့်အချက်များ များစွာ ပါဝင်နေသည်။ ထိုအချက် အများစုသည် ဒေသခံများ လတ်တလော ရင်ဆိုင်တွေ့ ကြုံနေသော ပြဿနာများဖြစ်နေပြီး အချို့သည် အစိုးရအနေဖြင့် လတ်တ လော ဖြေရှင်းပေးနိုင်သည့်အရာများ ဖြစ်သည်။

တိုင်းဒေသကြီး အစိုးရအနေဖြင့် သုံးတတ်မည်ဆိုလျှင် ခရိုင်အသီးသီးမှ တင်သွင်းလာသော စာတမ်းများမှ အချက်များကို အသုံးပြု၍ တိုင်းတွင်း လိုအပ်ချက်၊ ပြဿနာအချို့ကို ဖြည့် ဆည်း ဖြေရှင်းပေးနိုင်ပေမည်။ဤနေရာတွင် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်ကို ဆက်လက်ဆွေးနွေးလိုပါ သည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေး နွေးပွဲများတွင် စာတမ်းပြုစု၊ ဆွေးနွေး တင်ပြသူများသည် UPDJC မှ ချမှတ်သည့် ဆွေးနွေးရမည့် မူဘောင် ခေါင်းစဉ်ကို တိကျသေချာစွာ သိရှိရန် လိုပေသည်။ တာဝန်ရှိသူများအနေနှင့် လည်း အများပြည်သူ ကျယ်ပြန့်စွာ သိရှိနိုင်အောင် လုပ်ဆောင်ပေးရပေမည်။သို့မှသာ ဆွေးနွေးပွဲများခရီးတွင် ပေမည်။

ယခုပြီးခဲ့သည့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေး ခဲ့ရမည့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့်မူ ဆိုသည်မှာ နောင်အနာဂတ် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေ ခံသော ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ရာတွင် အခြေခံရမည့် လမ်းညွှန် အခြေခံမူများကို ဆိုလိုခြင်း ဖြစ်သည်။
မိမိတို့ဖြစ်လိုသည့် အခြေခံဥပဒေ တခု ရေးဆွဲတင်ပြခိုင်းခြင်း မဟုတ်သေး ပေ။ ဥပမာအားဖြင့် အစိုးရနှင့် ဃြဗ လက်မှတ်ထိုးထားသည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၏ မူ ၈ ချက်ကို လေ့လာကြည့် ပါ။

၎င်းတို့၏ ” ဖက်ဒရယ် ပြည်ထောင် စုကို တည်ဆောက်ရာတွင် အခြေခံရမည့် လမ်းညွှန် အခြေခံမူများ” တွင်

၁။ အချုပ်အခြာအာဏာ
၂။ တန်းတူရေး
၃။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
၎။ စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စုမူ
၅။ လူနည်းစုများ၏ အခွင့်အရေး များကို ကာကွယ်ခြင်း
၆။ ဒီမိုကရေစီ အခွင့်အရေး၊ အခြေခံ လူ့အခွင့်အရေးနှင့် ကျား^မ ဆိုင်ရာတန်း တူညီမျှမှု
၇။ ပါတီစုံ ဒီမိုကရေစီ
၈။ ဘာသာရေးကို အခြေမခံသော နိုင်ငံ စသည့်ခေါင်းစဉ်များ ပါဝင်ပြီး တစ်ခုချင်းစီအလိုက် ရှင်းလင်းဆွေးနွေး ထားသည်ကို တွေ့ရပေမည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲများ မတိုင်မီနှင့် ဆွေးနွေးပွဲ ကျင်းပစဉ် ကာလအတွင်း တိုင်းရင်းသားအဖွဲ့ အစည်းအချို့နှင့် လူမှုအဖွဲ့အစည်းအချို့ ရေးဆွဲထားကြသည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းအချို့ကို ဖတ်ရှု လေ့လာခွင့်ရခဲ့ပါသည်။
အများစုသည် ဖက်ဒရယ်ပြည် ထောင်စုစနစ်ဟု ဆိုထားကြသော်လည်း လက်တွေ့မကျသည့် အချက်များ၊ ပြဿနာဖြစ်ဖွယ် အငြင်းပွားဖွယ် အချက် များစွာကို လေ့လာ တွေ့ရှိခဲ့ ရသည်။

အခြေခံဥပဒေတစ်ခုသည် ဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြစ် မဖြစ် ဆိုသည်ကို ပညာရှင်အမျိုးမျိုးက စံသတ်မှတ်ချက် အမျိုးမျိုးဖြင့် တိုင်းတာ လေ့ရှိသည်။
အချို့က ၁၀ချက်၊ အချို့က ၁၂ချက် စသည်ဖြင့် အမျိုးမျိုးရှိကြရာ ကျွန်ုပ် လက်ခံယုံကြည်သည့် စံသတ် မှတ်ချက် ၇ခု ရှိပါသည်။
အခြေခံဥပဒေတစ်ခုသည် ဖက်ဒ ရယ် ပြည်ထောင်စုစနစ်ဖြစ် /မဖြစ်ကို

၁။ နိုင်ငံတွင်းရှိ တိုင်းရင်းသား များတွင် သင့်တင့်သော နယ်မြေသတ် မှတ်ထားမှုရှိပြီး ထိုနိုင်ငံတွင် အနည်းဆုံး အစိုးရနှစ်ရပ် (ဥပမာ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရ) ရှိရမည်။
၂။ ပြည်နယ်များ၏ အဆင့်သည် တန်းတူရှိရမည် (ပြည်နယ်အစိုးရများ၏ အဆင့်အတန်း အတူတူပင် ဖြစ်သည်)
၃။ ထိုပြည်နယ်များ၏ လုပ်ပိုင်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ၊ ဗဟို၏ လုပ်ပိုင်ခွင့် စသည်ကို အခြေခံဥပဒေတွင် တိကျစွာ ပြဋ္ဌာန်း သတ်မှတ် အာမခံပေးထားရ မည်။
၎။ နိုင်ငံတော်၏ အချုပ်အခြာအာ ဏာသည် နိုင်ငံသားများထံမှ တိုက်ရိုက် ဆင်းသက်စေရမည်(ဗဟို၊ ပြည်နယ် အစိုးရများသည် လူထုမှ တိုက်ရိုက် ရွေးချယ်တင်မြှောက် ထားသူများ ဖြစ်ရ မည်)။
၅။ ပြည်နယ်၏ကိုယ်စားလှယ်များ သည် ဗဟိုအဆင့်တွင် ပါဝင်ဆောင် ရွက်မှုရှိရမည်။
၆။ အစိုးရများကြား ပြဿနာ ရှိခဲ့လျှင် ဖြေရှင်းပေးနိုင်မည့် လွတ်လပ် ခိုင်မာသော တရားရေးစနစ် ရှိရမည် (ဗဟို-ပြည်နယ်၊ပြည်နယ်-ပြည်နယ်)။
၇။ အစိုးရများအကြား ဆက်ဆံ ဆောင်ရွက်နိုင်ရန် ရှင်းလင်းတိကျသည့် လုပ်ထုံးလုပ်နည်းများ ရှိနေရမည် (ဗဟို-ပြည်နယ်၊ ပြည်နယ်-ပြည်နယ်) ။
စသည့် အချက်များဖြင့် ယေဘုယျ တိုင်းတာနိုင်ပေသည်။

အချုပ်ဆိုရသော် ကျွန်ုပ်တို့မျှော် မှန်းသည့် အနာဂတ်ပြည်ထောင်စုကို တည်ဆောက်ရမည်မှာ နေ့ချင်းညချင်း ပြု၍ ရကောင်းသည့်ကိစ္စ မဟုတ်ပေ။ အခြားအောင်မြင်နေသော ဖက်ဒရယ် နိုင်ငံများမှ စနစ်ကို ကူးယူကျင့်သုံး၍ လည်း လက်တွေ့မကျပေ။ကျွန်ုပ်တို့ တိုင်းရင်းသား အားလုံး သဘော တူညီမှု၊ စည်းလုံးမှုဖြင့် နိုင်ငံ အတွက် အသင့်တော်ဆုံးဖြစ်မည့် စနစ်၊ မူဝါဒကိုသာ ကျင့်သုံးရပေမည်။

ထိုသို့ တိုင်းရင်းသား အားလုံး၏ သဘောတူညီမှု ရရှိရန်လည်း အချင်း ချင်း ဆွေးနွေးညှိနှိုင်းမှု များစွာပြုလုပ်၍ အပေးအယူ၊ အလျှော့အတင်း ပြုလုပ် ရပေမည်။ ထို့အတွက် ဖက်ဒရယ်သဘော တရားများကို နားလည်သိရှိထားဖို့က လည်း အရေးပါ ပြန်သည်။ တာဝန်ရှိသူ များအနေဖြင့်လည်း နိုင်ငံရေးဆွေးနွေး ပွဲများ အောင်မြင်အောင် စနစ်တကျ ကြိုးပမ်းကြရပေမည်။

သို့မဟုတ်လျှင် စီစဉ်မှုအားနည်း ချက်များကြောင့် ခရီးမတွင်သည့်အပြင် တိုင်းရင်းသားအချင်းချင်း အခြားမလို လားအပ်သည့် ပြဿနာများပင်ဖြစ် လာနိုင်သည်။
အနာဂတ်ပြည် ထောင်စုကြီးအတွက် အခြေခံအုတ်မြစ်ချ နိုင်အောင် အစပျိုးမှု ကောင်းမှသာ အနှောင်းသေချာ နိုင်ပါ ကြောင်း မောင်းခတ်လိုက်ပါသည်။