ပုလောမြို့တွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ပြုလုပ်

0
542

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီအား လုပ်ကြံခံရမှုအပေါ်တွင် ပုလောမြို့တွင် ဖဲကြိုးနက် လှုပ်ရှား မှုနှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ဖေဖော်ဝါရီလ ၂ ရက် ည ၇ နာရီအချိန်က ယင်းမြို့ရှိ အရှေ့ကျောင်းတိုက် မြို့လုံးကျက်သရေ စေတီတော်ရင်ပြင်တွင် ပြုလုပ်ခဲ့ကြောင်း ဆုတောင်းပွဲဦးဆောင်သူတစ်ဦးဖြစ်သူ ဦးကိုကိုနိုင်ထံမှ သိရသည်။

ယင်းပွဲကို ပုလောမြို့ အမှတ်(၃) ရပ်ကွက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အရပ်ဘက် အဖွဲ့အစည်းတချို့ ပါဝင်ခဲ့ပြီး လူဦးရေ ၁၀၀ ဝန်းကျင်ခန့် ပါဝင်ခဲ့ကြောင်း ဦးကိုကိုနိုင်ထံမှ သိရသည်။”ပြည်သူတစ်ယောက်ကို လုပ်ကြံတာ မကြိုက်တဲ့အတွက် ဖဲကြိုးနက် ကမ်ပိန်းပြုလုပ်တာပါ” ဟု ဦးကိုကိုနိုင်က ပြောသည်။

ဦးကိုနီလုပ်ကြံခံရပြီး သေဆုံးခဲ့ရသည့်အတွက် ကောင်းရာမွန်ရာရောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သမှုများ ပြုလုပ်ခဲ့ကြကြောင်း ယင်းဆုတောင်းပွဲမှ သိရသည်။