လမ်းဘေးဈေးကောက် အပါအဝင် အရပ်ရပ် အခွင့်အရေး လိုင်စင် ၂၅ မျိုး လေလံတင်မည်

0
416

ထားဝယ်မြို့နယ်အတွင်း လမ်းဘေး ဈေးကောက် အပါအဝင် အရပ်ရပ် အခွင့်အရေးလိုင်စင် ၂၅ မျိုးကို ဖေဖော် ဝါရီလ ၁၀ ရက်တွင် စတင်ကာ ဈေးပြိုင် စနစ်ဖြင့် လေလံတင်ရောင်းချသွားမည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

ဈေးပြိုင်လေလံဆွဲသူများ အဆင် ပြေစေရန် ဖေဖော်ဝါရီလ ၁၀ ရက်တွင် တစ်ကြိမ် ၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် တစ်ကြိမ်နှင့် မတ်လ ၃ ရက်တွင်တစ်ကြိမ် သုံးကြိမ် ပြုလုပ်သွားရန် မျှော်မှန်း ထားကြောင်း မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

လမ်းဘေးဈေးကောက်ပါဝင်သည့် ဈေးကောက်လိုင်စင် ၄ ခု ၊ မြို့ဝင်ကြေး၊ ဘီးကောက် လိုင်စင် ၃ ခု၊ သားသတ် လိုင်စင် ၄ ခု၊ ယာဉ်အပ်နှံလိုင်စင် ၄ ခု၊ အများသုံး အိမ်သာလိုင်စင် ၃ ခုနှင့် အပေါင်ဆိုင်လိုင်စင် ၇ ခု ပါဝင်သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အရပ်ရပ်အခွင့်အရေးလိုင်စင် ၂၅ မျိုးမှ ဘတ်ဂျက်ငွေ ကျပ် ၃၂၁၀ သိန်း ရရှိ ခဲ့ကြောင်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။