မြို့သစ် ၇ လမ်းကို မြို့ရှောင်လမ်းအဖြစ် သုံးရန် လျာထား

0
399

နှစ်ပေါင်းများစွာ ပြုပြင်မှုမရှိသည့် မြို့သစ် ၇ လမ်းကို ကတ္တရာခင်းပြီး မြို့ ရှောင်လမ်းအဖြစ် အသုံးပြုနိုင်ရန် မျှော် မှန်းထားကြောင်း တနင်္သာရီတိုင်းဒေသ ကြီးမြို့ပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာန ထံမှ သိရသည်။

လမ်းအရှည် ၁.၅ မိုင်ခန့်ရှိ အဆိုပါ လမ်းကို တိုင်းဒေသကြီး ဘတ်ဂျက် ကျပ် ၆၅၁.၂၁ သန်းဖြင့် ၁၈ပေ အကျယ် ရှိသည့် ကတ္တရာ လမ်းခင်းသွားမည် ဖြစ်ကြောင်း အထက်ပါဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။လက်ရှိအချိန်တွင် မြေသားပြုပြင် ခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။” မြို့ထဲမှာ လမ်းကြပ်တာတွေ နည်း လာပြီး မြို့ထဲဧရိယာနဲ့အတူ ဖွံ့ဖြိုးလာ မယ် ထင်တယ်” ဟု အဆိုပါ တာဝန်ရှိ သူက ပြောသည်။
အဆိုပါ လမ်းပိုင်းကို မြို့ရှောင် လမ်းအဖြစ် အသုံးပြုနိုင်မည် ဆိုပါက မြို့တွင်း လမ်းကြပ်ခြင်းနှင့် ယာဉ်တိုက်မှု အန္တရာယ်များ လျော့နည်းလာနိုင်ကြောင်း ထားဝယ်မြို့ ဝဲကျွန်းထိန်ဟောင်းရပ်ရှိ အဆိုပါ ၇ လမ်းအနီး နေထိုင်သူ ဦးဖိုးဇော်က ပြောသည်။

“လမ်းကို စံချိန် စံညွှန်း ညီ၊မညီ စောင့်ကြည့်ဖို့တော့ လိုတာပေါ့” ဟု ဦးဖိုးဇော်က ပြောသည်။မြို့ရှောင်လမ်းအဖြစ် ရည်ရွယ်ထား သည့် မြို့သစ် ၇ လမ်းမှာ ထားဝယ်မြို့ ဝဲကျွန်းဆင်ဆိပ်လမ်းဆုံအနီးမှ ကမြော ကင်းတံတား ထိပ်အနီးသို့ ဆက်သွယ် ဖောက်လုပ်ထားသည်။

ထားဝယ်မြို့သစ်ရှိ ၄၊ ၅ ၊ ၆ ၊ ၇ လမ်းများကို တိုင်းဒေသကြီး ဘတ်ဂျက် ငွေကျပ် ၁၅၉၃.၂၃၀ သန်းဖြင့် ၂၀၁၇ ခုနှစ် မတ်လအပြီး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရ သည်။