မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားအတွက် ကျပ်သိန်း ၅၀၀ ကျော် သုံးမည်

0
500

၇၀ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားအတွက် ငွေကျပ် သိန်း ၅၀၀ ကျော် သုံးစွဲကာ ယမန်နှစ်ကထက် စည်ကားစွာ ကျင်းပမည်ဟု မွန်အမျိုး သားနေ့ ကျင်းပရေးကော်မတီ (ဗဟို)မှ သိရသည်။


ယခုနှစ်တွင် တပို့တွဲလပြည့်ကျော် ၁ ရက် (ဖေဖော်ဝါရီ ၁၂ရက်)တွင် ကျရောက်မည်ဖြစ်ပြီး ယခုနှစ်တွင် မွန် ပြည်နယ် ကျိုက်မရောမြို့တွင် ကျင်းပ မည်ဖြစ်သည်။” ဒီနှစ်ကတော့ စပွန်ဆာပေးတဲ့ လူလည်း နည်းတယ်၊ လက်ရှိမှာ မွန်စီး ပွားရေးလုပ်ငန်းရှင်တွေဆီမှာ အလှူ လိုက်ခံနေတာ ရှိပါတယ်” ဟု ၇၀ ကြိမ် မြောက် မွန်အမျိုးသားနေ့ ဖြစ်မြောက် ရေး ကော်မတီ (ဗဟို) အထွေထွေအတွင်း ရေးမှူး မိစန္ဒာနန်းက ပြောသည်။
မွန်အမျိုးသားနေ့ အခမ်းအနား အပြင် စာပေပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲ များနှင့် ဖျော်ဖြေပွဲများလည်း ကျင်းပ သွားမည်ဟုလည်း သိရသည်။
ယခင်က မွန်အမျိုးသားနေ့ အခမ်း အနားကို မိမိဒေသအလိုက် ကျင်းပ လာခဲ့သည်။၁၉၉၇ ခုနှစ်မှစပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း ရှိ မြို့နယ်များ စုပေါင်းကာ ကျင်းပရေး ကော်မတီ (ဗဟို) ကို ဖွဲ့စည်းခဲ့သည်။
ယင်းနောက်ပိုင်းတွင် ဗဟိုအခမ်း အနားကို တစ်နှစ်လျှင် တစ်မြို့နယ် အလှည့်ကျ ကျင်းပကြသည်။သမလ၊ ဝိမလ မွန်မင်းညီနောင် နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်ကို မွန်အမျိုးသား နေ့အဖြစ် သတ်မှတ်ထားသည်။