ထားဝယ်မြို့သစ်မြေဈေး သိန်းတစ်ရာခန့် ခေါ်ဈေး မြင့်လာ

0
428

နှစ်ပေါင်းများစွာ ပြုပြင်မှု မရှိ သည့် မြို့သစ်လမ်းအချို့ကို ကတ္တရာ လမ်းခင်းရန် မြေသား ပြုပြင်သည့် လုပ်ငန်းများ စတင်လုပ် ကိုင်ချိန်မှစကာ မြို့သစ်အတွင်းရှိ မြေကွက်များ ကျပ် သိန်း ၁၀၀ ခန့်အထိ ဈေးပိုခေါ်လာ ကြကြောင်း တနင်္သာရီတိုင်းဒေသကြီး အိမ်ခြံမြေ အသင်းထံမှ သိရသည်။


လမ်းမပြုပြင်မီက ကျပ် သိန်း ၁၀၀ ဝန်းကျင် မြေကွက်များက ကျပ်သိန်း ၂၀၀ ဝန်းကျင်အထိ လည်း ကောင်း၊ ကျပ်သိန်း ၂၀၀ ဝန်းကျင် မြေကွက်များက ကျပ်သိန်း ၃၀၀ ခန့် နှင့် ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိသည့် မြေကွက်များက ကျပ်သိန်း ၆၀၀ ခန့် အထိ အသီးသီးဈေးခေါ်လာကြပြီး ဝယ် ယူသူများ ရှိလာကြောင်း တိုင်းအိမ်ခြံ မြေအသင်း အတွင်းရေးမှူးက ဆိုသည်။ မြို့သစ်အတွင်းရှိ မြေကွက်များ အနက် ကျပ်သိန်း ၁၀၀ ကျော် မြေကွက် များ အရောင်းအဝယ် ပိုသွက်လာပြီး ထားဝယ်ဒေသနေသူများက ဝယ်ယူသူ ပိုများကြောင်း အဆိုပါ အတွင်းရေးမှူးက ပြောသည်။

 
“မြေဈေးကတော့ တက်နေတယ်၊ ရန်ကုန်ဘက်ကထက် ဒေသခံတွေ က ပိုဝယ်လာကြတယ်” ဟု အဆိုပါ အသင်း အတွင်းရေးမှူးက ဆိုသည်။လမ်းပြုပြင်မှုမလုပ်မီ မြေကွက် အရောင်းအဝယ် နည်းပါးနေရာမှ လမ်း ပြုပြင်ချိန်တွင် ၂ ပတ်အတွင်း မြေကွက် ပေါင်း ၄၀ ခန့်အထိ အရောင်းအဝယ် ဖြစ်လာကြောင်း ၎င်းက ပြောသည်။” ကျွန်တော့် မြေကွက်ဆိုရင် ရောင်းနေတာ သုံးနှစ်လောက်ကို ရှိနေ ပြီ၊ အခုထိ မထွက်သေးဘူး” ဟု မြို့ သစ် ၁၁လမ်းသွယ်ရှိ မြေကွက် ပိုင်ရှင် ဖြစ်သူ အသက် ၃၀ နှစ်အရွယ် အမျိုး သားတစ်ဦးက ဆိုသည်။

 
၎င်းပိုင်ဆိုင်သည့် မြေကွက်အနီး တစ်ဝိုက်တွင်မူ အရောင်းအဝယ် မရှိ သလောက် နည်းပါးနေသေးပြီး လမ်း ဖောက်ပြီးပါက မြေဈေးပိုတက်လာမည် ဟု ထင်ကြောင်း အဆိုပါ အမျိုးသားက ပြောသည်။ ထားဝယ်မြို့၊ မြို့ရှောင်လမ်းအဖြစ် အသုံးပြုမည့် မြို့သစ် ၇ လမ်းရှိ မြေ ကွက်များကို စိတ်ဝင်စားမှု ပိုများကြ ကြောင်း တိုင်းအိမ်ခြံမြေအသင်း အတွင်း ရေးမှူးက ဆိုသည်။
ထားဝယ်မြို့သစ်ကို ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော်ကတည်းက စတင်ဖော်ဆောင်ခဲ့ပြီး ပေ ၄၀ ပေ ၆၀ အကျယ်ရှိ မြေကွက်၊ ပေ ၄၀ ပေ ၈၀ နှင့် ပေ ၆၀ ပေ ၈၀ အကျယ်ရှိ မြေကွက်များ ရှိကြောင်း သိရသည်။