မွန်ပြည်နယ် ဥပဒေချုပ်ရုံး ဆောက်မည့်ငွေကို လူထုတိုက်ရိုက် အကျိုးပြုလုပ်ငန်းတွင် ပြောင်းလဲသုံးစွဲမည်

0
501

မွန်ပြည်နယ် ဥပဒေချုပ်ရုံးအသစ် ပြန်လည်တည်ဆောက်ရေးစီမံကိန်း ဘတ်ဂျက် ငွေကျပ်သိန်းပေါင်း ၈၅၀၀ ကျော်ကို လူထု တိုက်ရိုက်အကျိုးရှိစေမည့် စီမံကိန်းနှင့် လုပ်ငန်းများတွင် ပြောင်းလဲ သုံးစွဲသွားမည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့နှင့် မွန်ပြည်နယ် လွှတ်တော်ထံမှ သိရသည်။


ဥပဒေချုပ်ရုံးအသစ် ပြန်လည် တည်ဆောက်ရေး စီမံကိန်းနှင့် အဆင့် မြင့် အစိုးရဧည့်ရိပ်သာ စီမံကိန်း ၂ ခု အစား ပြည်သူလူထု တိုက်ရိုက်အကျိုးရှိ စေမည့် စီမံကိန်းများ၊ လုပ်ငန်းများတွင် ပြောင်းလဲသုံးစွဲရန်  ဒုတိယအကြိမ် မွန် ပြည်နယ်လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးကျင်းပခဲ့စဉ်က လွှတ်တော် က အတည်ပြုထားပြီး ဖြစ်သည်။သို့သော် အစိုးရအနေဖြင့် ဥပဒေ ချုပ်ရုံး တည်ဆောက်မည့် စီမံကိန်း ငွေကိုသာ ပြောင်းလဲသုံးစွဲမည်ဟု မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌက ပြောသည်။
“သူတို့ (အစိုးရ) ဘက်က လော လောဆယ်မှာတော့ ဥပဒေချုပ်ရုံးအတွက် ငွေက အလုံးအတိုင်းရှိတာပေါ့ ဘာမှ မသုံးစွဲရသေးတဲ့အခါကျတော့ အဲဒီ ဟာကို အရင်သူတို့ ဆောင်ရွက်ပေးမယ် လို့ ပြောတယ်” ဟု လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။
အဆင့်မြင့် အစိုးရဧည့်ရိပ်သာ စီမံကိန်းအတွက်ငွေကို ပြောင်းလဲ သုံးစွဲ ရန် အစိုးရအနေဖြင့် အခက်အခဲရှိနေ သည်ဟု လွှတ်တော်သို့ တင်ပြထားကာ ယင်းကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော် အနေဖြင့် အခြေခံဥပဒေနှင့်အညီသာ ဆက်လက်   ဆောင်ရွက်သွားမည်ဖြစ် ကြောင်း   ၎င်းက ဆက်ပြောသည်။
အဆင့်မြင့်အစိုးရ ဧည့်ရိပ်သာ ဆောက်လုပ်ရန်အတွက် ငွေကျပ် သိန်း ပေါင်း ၁၁၂၀၀ နှင့် ဥပဒေချုပ်ရုံးအသစ် တည်ဆောက်ရန် အတွက် ကျပ်သိန်း ပေါင်း ၈၅၀၀ ကျော်ကို ပြည်သူလူထုတိုက်ရိုက်အကျိုးပြုမည့် စီမံကိန်း လုပ် ငန်းများအတွက် ပြောင်းလဲသုံးစွဲရန် အဆိုကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ် မှုဖြင့် အတည်ပြုထားခဲ့သည်။