DDPC ဘန်ဂလိုများ ဖျက်သိမ်းရန် အကြောင်းကြားစာ နှစ်ကြိမ်ပို့

0
433

မောင်းမကန် ကမ်းခြေ မြောက် ဘက်အဖျားတွင် DDPC ကုမ္ပဏီက တည်ဆောက်ထားသည့် နှစ်ခန်းတွဲ ဘန်ဂလိုများအပါအဝင် အဆောက် အအုံအချို့ကို ဖျက်ခိုင်းထားရာ ဖျက် သိမ်းမှု နှေးကွေးနေသဖြင့် အကြောင်း ကြားစာ နှစ်ကြိမ် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ရုံးထံမှ သိရသည်။


ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂ ရက်က ၄၅ ရက်အတွင်း ဖျက်သိမ်း သွားရန် ပထမအကြိမ် အကြောင်း ကြားစာ ပို့ခဲ့ရာ လုံခြုံရေးအိပ်ဆောင် ၁ လုံးနှင့် ဘန်ဂလို ၁ လုံး၏ ပင်မ အဆောင် တစ်ခုသာ ဖျက်သိမ်းပြီး နိုဝင် ဘာလ ၁၇ ရက်တွင် ကုမ္ပဏီက အဆိုပါနေရာကိုြဥွှ စနစ်ဖြင့် နှစ် ၃၀ ငှားရမ်းလုပ်ကိုင် ခွင့်ပြုရန် အစိုးရ အဖွဲ့ထံ အသနားခံစာ တင်ခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

 
အစိုးရအဖွဲ့က သဘောမတူသည့် အတွက် ထပ်မံဖျက်သိမ်းရန် ခရိုင်အုပ် ချုပ်ရေးမှူးရုံးက ၂၀၁၇ ခုနှစ် ဇန်န ဝါရီလတွင် ဒုတိယအကြိမ် အကြောင်း ကြားစာ ထပ်ပို့ခဲ့ကြောင်း ခရိုင်အုပ်ချုပ် ရေးမှူးက ပြောသည်။လက်ရှိအချိန်တွင် ဘန်ဂလို ၃ လုံး ဖျက်သိမ်းထားပြီး မဖျက်ဘဲ ရပ်နား ထားပါက တတိယအကြိမ် အကြောင်း ကြားစာ ထပ်ပို့ သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။” မဖျက်ရင်တော့ တတိယအကြိမ် ထပ်ပို့သွားမယ်”  ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက ပြောသည်။

 
တတိယအကြိမ် အကြောင်းကြားစာ ပို့ပြီးပါက အစိုးရအဖွဲ့ ထံတင်ပြသွားမည် ဖြစ်ပြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် အတိုင်း ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မေး မြန်းနိုင်ရန် DDPC  ဘန်ဂလို တာဝန်ရှိ သူထံ တနင်္သာရီအပတ်စဉ်မှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ဖုန်းကိုင်ခြင်း မရှိသည့်အတွက် မေးမြန်းခွင့် မရခဲ့ပေ။
လက်ရှိအချိန်တွင် ဘန်ဂလို ၃ လုံးနှင့် အခြား အဆောက်အအုံ ၂ လုံး ခန့် ဖျက်သိမ်းထားပြီး ဖြစ်စဉ်များကို လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံ အမြဲမပြတ် တင်ပြနေကြောင်း မောင်းမ ကန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။
မောင်းမကန်ကမ်းခြေရှိ မြေဧက ၇၂.၀၇ ဧကပေါ်တွင် DDPC  က ကျူး ကျော်ဆောက်လုပ်ထားသည့် ၂ ခန်းတွဲ ဘန်ဂလို ၁၀ လုံး၊ စားသောက်ဆိုင်             ၁ ဆိုင် ၊ ဧည့်ကြိုကောင်တာ ၁ လုံး၊ လုံခြုံရေး အဆောက်အအုံ ၁ လုံး တို့ကို ဖျက်သိမ်းရမည်ဖြစ်ကြောင်း ထားဝယ် ခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။