ဘောလုံးနည်းပြသင်တန်း ဖွင့်မည်

0
898

တနင်္သာရီတိုင်းအတွင်းရှိ ဘောလုံး နည်းပြများအတွက် စီ လိုင်စင်  သင် တန်းဆင်း လက်မှတ်ပေးအပ်မည့် ဘောလုံးနည်းပြ သင်တန်းကို ပထမဆုံး အကြိမ်အဖြစ် လာမည့်လတွင် ဖွင့်လှစ် မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အား ကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။


တိုင်းအား /ကာနှင့် တိုင်းဘောလုံး ဆပ်ကော်မတီတို့ ပူးပေါင်းစီစဉ်မှုဖြင့် သင်တန်းကို ဖွင့်လှစ်မည်ဖြစ်ပြီး အာရှ ဘောလုံး အဖွဲ့ချုပ်(AFC) မှ စင်ကာပူ သို့မဟုတ် မလေးရှားနိုင်ငံတို့မှ နိုင်ငံ ခြားသားနည်းပြတစ်ဦး စေလွှတ်ကာ သင်ကြားပေးမည် ဖြစ်ကြောင်း တိုင်း အားကာမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးခင်မောင်ဋ္ဌေးက ပြောသည်။
“မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုလို့ သူတို့က ဒီမှာလာပြီး စိစစ်ပြီးတော့မှ င်္ဗဃ ကို လှမ်းတောင်း ဆို ပေးခဲ့တာပါ”ဟု ဦးခင်မောင်ဋ္ဌေးက ပြောသည်။ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၇ ရက် အထိ ထားဝယ်မြို့ရှိ တိုင်းအားကစား ကွင်းတွင် ပြုလုပ်မည်ဖြစ်ပြီး တိုင်း အတွင်းရှိ နည်းပြ ၂၄ ဦးက သင် တန်းသားအဖြစ် တက်ရောက်မည်ဖြစ်ပြီး ၆ ဦးက လေ့လာသူများအဖြစ် တက် ရောက်မည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းအတွင်းရှိ ဘောလုံး အသင်းနည်းပြများတွင် နည်းပြလိုင်စင် ရထားသည့် နည်းပြမရှိသေးကြောင်း တိုင်းအား^ကာ ထံမှ သိရသည်။” အားလုံးက ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့ကြုံအရပဲ နည်းပြ လုပ်နေ ရတော့ နည်းစနစ်ပိုင်းတွေမှာ နည်းနည်း အားနည်းတယ်။ အခုသင်တန်းက နည်း ပြတွေ နည်းစနစ်ကျကျ နည်းပြနိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု ဦးခင်မောင်ဋ္ဌေးက ဆိုသည်။

 
သင်တန်းပြီးပါက စီလိုင်စင် နည်း ပြသင်တန်းဆင်း လက်မှတ်များ ပေး အပ်မည်ဖြစ်ပြီး ယင်းလိုင်စင်ဖြင့် မြန်မာ နေရှင်နယ်လိဂ် ကဲ့သို့သော ပြိုင်ပွဲများ တွင် လူငယ်အသင်းကို နည်းပြအဖြစ်ကိုင်တွယ်ခွင့်ရှိကြောင်း သိရသည်။