ထိုင်းရောက် ရွှေ့ပြောင်းလူငယ်အလုပ်သမားမူဝါဒရေးဆွဲရန် ကော်မတီဖွဲ့

0
782

မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ ရေးဆွဲရာတွင် ရွှေ့ပြောင်း အလုပ်သမား လူငယ်များအတွက်    မူဝါဒရေးဆွဲပေးပို့ နိုင်ရန် ထိုင်းရောက်လူငယ်များက ရွှေ့ ပြောင်း အလုပ်သမားလူငယ်မူဝါဒ ဖြစ် မြောက်ရေး ကော်မတီတစ်ရပ်ကို  ဖွဲ့ စည်းလိုက်ကြောင်း ယင်းကော်မတီ အဖွဲ့ဝင်များထံမှ သိရသည်။


ထိုင်းနိုင်ငံ မဟာချိုင်ရှိ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ရုံးခန်းတွင် ဇန်နဝါရီလ ၂၂ ရက်က ကော်မတီဝင် ၁၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လိုအပ်ပါက ဦးရေ ထပ်တိုးမည်ဟု သိရသည်။ ကော်မတီမှ ထိုင်းနိုင်ငံအဝှမ်းရှိ မြန်မာလူငယ်များ၏ အသံ စုစည်းရ ယူရန် ထိုင်းရောက် လူငယ်အဖွဲ့အစည်း ပေါင်းစုံနှင့် ချိတ်ဆက်ကာ မူဝါဒ စာတမ်းများ ပြုစုဖြန့်ဝေ စစ်တမ်းကောက် ယူသွားမည်ဟု ကော်မတီ ယာယီ တာဝန်ခံ ကိုသန်းဇော်ထိုက်(MWRN)က ပြောသည်။

 
“ရွှေ့ပြောင်းလူငယ်တွေ ပိုမိုလုံခြုံ အဆင့်အတန်းမြင့်တဲ့ အခွင့်အရေးတွေ ပေါ်ထွက်လာဖို့ဆိုရင် လူငယ်မူဝါဒက အရေးကြီးတယ်” ဟု ကိုသန်းဇော်ထိုက်က ပြောသည်။မူဝါဒမူကြမ်းရေးဆွဲရာတွင် မြန်မာ နိုင်ငံလူငယ်ရေးရာမူဝါဒ ရေးဆွဲရေးဗဟို ကော်မတီနှင့် ချိတ်ဆက်ကာ ထွက်ပေါ် လာမည့် မူဝါဒအား ဗဟို ကော်မတီသို့ ပေးပို့သွားမည်ဟု သိရသည်။

 
မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒ အား ဩဂုတ်လ အပြီး ရေးဆွဲရမည်ဟု ဗဟိုကော်မတီဝင် ကိုဟိန်းထက်က ပြော သည်။
“နိုင်ငံပေါင်းစုံရောက်နေတဲ့ မြန်မာ လူငယ်တွေရဲ့ အသံတွေ ပါစေချင်တယ် ” ဟု ကိုဟိန်းထက်က ဆိုသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၃ သန်းခန့်ရှိသည်။