ကော့သောင်း .. ဘာဖြစ် (၂)

0
671

ပြီးခဲ့တဲ့ လပိုင်းက “ကော့သောင်း ဘာဖြစ်” ဆောင်းပါးကို ရေးဖြစ်ခဲ့ပါ တယ်။
အခုကတော့ အဲဒီဆောင်းပါး အဆက်လို့ ပြောလည်း မမှားပါဘူး။
ပြောပြချင်တာတွေက ရှိနေတာ ကိုး။

အားကစား
ကော့သောင်းမြို့နယ် အားကစား အဖွဲ့များဟာ တနင်္သာရီတိုင်း ၁၀ မြို့ နယ်ထဲမှာ အရှေ့ဆုံးနားမှာ အမြဲရှိခဲ့ ဖူးပါတယ်။ အထင်ရှား ဆုံးကတော့ လက်ဝှေ့ပါ။ ကော့သောင်းမြို့မှာ တင်း နစ်၊ ကြက်တောင်၊ ဘောလုံးကွင်း၊ ဂေါက်ကွင်း ကောင်းကောင်းတွေ ရှိနေ ပြီ။ နောက်ထပ် အဆောက်အသင့်ဆုံး ကတော့ လက်ဝှေ့ရုံပါ။

 
ပြီးခဲ့တဲ့ ၄-၅ လလောက်က တနင်္သာရီတိုင်း လက်ဝှေ့အဖွဲ့ဟာ ကုမ္ပဏီ တစ်ခုရဲ့ ပံ့ပိုးမှုနဲ့ ရန်ကုန်မှာ သွားပြိုင်ကြ တယ်။ ကော့သောင်းလူငယ် လက်ဝှေ့ သမားတွေလည်း နိုင်ငံအဆင့် ဆုတွေရ လာကြတယ်။ ဒီလို နိုင်ငံအဆင့် လက်ဝှေ့ သမားတွေ ဆက်လေ့ကျင့်ဖို့ လက်ဝှေ့ရုံ မရှိသလို၊ အခြားလိုအပ်တဲ့ ပံ့ပိုးမှုလည်း မရှိဘဲ ဖြစ်နေပါတယ်။လက်ဝှေ့စင် အဆင်သင့်ရှိနေရင် ထိုင်း-မြန်မာ ချစ်ကြည်ရေးပွဲတွေ၊ ပြည် တွင်း ဖိတ်ခေါ်ပွဲတွေ စရိတ်သက်သက် သာသာနဲ့ မကြာမကြာ ကျင်းပနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မျိုးဆက်သစ် ကျောင်းသားလူငယ် အားကစားသမား များ မွေးထုတ်ပေးမယ့် အစီအစဉ်တွေ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်နေပါပြီ။

 
ကော့သောင်းမြို့မှာ ဘင်ခရာတီး ဝိုင်းအသံ မကြားရတာလည်း ကြာနေပြီ။ အချို့ကျောင်းသားလေးတွေ ဘင်ခရာဆို တာကို ဘာမှန်းမသိကြတော့ဘူး။ပြီးခဲ့တဲ့နှစ်တွေက ကော့သောင်း မီနီမာရသွန်ပြိုင်ပွဲမှာ ပထမဆုံးပန်းဝင် သူအတွက် ဆုတော်ငွေက မဖြစ်စ လောက်ပဲ ရတယ်။ မတော်တဆ လဲကျ ဒူးပြဲခဲ့ရင် ဆေးဖိုး ထပ်စိုက်ရမယ့်ကိန်း။ ဒီကလေးတွေ နောက်နှစ် ဘယ်လာပြိုင် ပါ့မလဲ။  ပြိုင်ပွဲတစ်ခုခုမှာ တိုင်းအဆင့်၊ နိုင်ငံအဆင့် သွားပြိုင်ဖို့ ရွေးချယ်ခံရရင် လည်း ရတဲ့ထောက်ပံ့ကြေးက သူတို့ရဲ့ နေ့စားလုပ်အားခမျှပင် မရလေတော့ မလိုက်ချင်ကြဘူး။
လမ်းဘေးမြောင်း

 
ယခုနှစ် မြရည်ပုလဲလမ်းတစ် လျှောက် ပြုပြင်၊ ထပ်ပိုးလုပ်ငန်းတွေ တောက် လျှောက်လုပ်နေတာ အားရစရာ ကောင်းလှပါတယ်။
လမ်းလုပ်တဲ့ ကန်ထရိုက်ရော၊ ကြီး ကြပ်တဲ့ စည်ပင်ကော်မတီဝင်တွေပါ ပေကြိုးလေး တကိုင်ကိုင်နဲ့ ဟိုထောက် ဒီတိုင်းလုပ်နေတော့ အရည်အသွေးပိုင်း အတွက် စိတ်အေးရတယ်။ နှစ်စဉ် ပျက် လို့ နှစ်စဉ်ပြင်ရတဲ့ ဒီလမ်းကလေး ဒီနှစ် လုပ်တာ အကောင်းဆုံးမို့ အားတက် မိပါတယ်။

 
တချို့အိမ်တွေက ကိုယ့်အိမ်ရှေ့မှာ လမ်းခင်းနေတဲ့ လမ်းအလုပ်သမားတွေကို ကွမ်းတစ်ယာ ရေတစ်မှုတ် တိုက်ဖို့ကို မေ့နေကြတယ်။ ကျေးရွာတွေမှာဆိုရင် မုန့်လုပ်ကျွေးရတာနဲ့ ရေပူ၊ ရေအေး၊ ကွမ်းအစ် ချပေးရတာနဲ့။
လမ်းတွေကတော့ ကောင်းသွားပါ ပြီတဲ့။ ခက်တာက လမ်းဘေးမြောင်းတွေ ဒုံရင်းဒုံရင်းပါပဲ။ သက်ဆိုင်ရာကို မေး မြန်းကြည့်တော့လည်း ဒီနှစ် ဘတ်ဂျက် မှာ မြောင်းအတွက် ပါမလာဘူးတဲ့။ ဆင်တစ်ကောင်လုံးဝယ်ပြီးမှ ချွန်းဖိုး မတတ်နိုင် ဆိုသလို ဖြစ်နေပြီ။ မြို့ခံ လူတွေကလည်း  မြောင်းဖော်ဖို့ ဝိုင်း ထောက်ပြနေကြတယ်။ မြောင်းမကောင်း လို့ကတော့ ဘာလမ်းကြီးဖြစ်နေနေ မိုးရာသီရောက်ရင် ခဏလေးနဲ့ ပျက်စီး သွားမှာပါပဲ။ ဒီနှစ် အကုန်ခံထားတဲ့ လမ်းဘတ်ဂျက်တွေ ရေထဲမျော ပါသွား မှာပဲ။ ပေါ်ဦးအောက် လမ်းနဲ့ ဗိုလ်ဗထူး လမ်းအကြား (မြရည်ပုလဲလမ်း)မှာ လမ်းဘေးမြောင်း ကောင်းကောင်း လုပ်ထားပေမဲ့ နှစ်တိုင်း လမ်းရေ မြုပ် တယ်။ ဘာလို့လဲဆိုတော့ ပါချန်မြစ် ဘက်ဆင်းနေတဲ့ လမ်းနဲ့ကန့်လန့်ဖြတ် မြောင်း အောက်ပိုင်းမှာ မြောင်းကော နေလို့ပါ။

 
မြောင်းတွေပြန်ဖော်ဖို့အတွက် ကုမ္ပဏီတစ်ခုခုကို ငွေအရင်စိုက်ထုတ် ခိုင်းထားပြီး နောက်နှစ်ဘတ်ဂျက်မှာ ပြန်ထည့်ပေးတာမျိုး လုပ်ဖို့ အကြံပြု လိုပါတယ်။ လျှပ်စစ်မှာလည်း မမီ မကမ်းဆိုရင် အဲလိုပဲ လုပ်ကြရတယ်။ ဒီနှစ် သိန်း ၅၀ ဖိုးလောက် ရေမြောင်း အတွက် ကုန်ကျခံထားရင် နောက်နှစ် သိန်း ၅၀၀ ဖိုးလောက် လမ်းပြင်ရ သက် သာပါလိမ့်မယ်။

 
နောက်တစ်နည်းကတော့ ရပ်ကွက် အုပ်ချုပ်ရေးအပိုင်းက ဦးဆောင်ပြီး ကိုယ့် အိမ်ရှေ့ကမြောင်း ကိုယ်တိုင် ပြန်ဖော် ကြတာပါ။
လာမယ့်နှစ်မှာ မြို့မတံတားကနေ ၉ မိုင်ကျော်အထိ နိုင်လွန်ကတ္တရာ ခင်းတော့မယ်ဆိုလို့ မြို့သူမြို့သားတွေ ဘဝင်မြင့်နေကြပြီ။ အာရှဟိုင်းဝေးရဲ့ တောင်ဘက်လမ်းအဆုံး ဖြစ်လာမှာမို့ ၄ မိုင်နဲ့ ၉ မိုင်အကြားမှာ ဖြောင့်နိုင်သ လောက် ပြန်ဖြောင့်လိုက်မယ်ဆိုရင် တိုင်းထက်အလွန်ပေါ့။
အမှိုက်
ကော့သောင်းမှာ အမှိုက်သိမ်းတာကို လွန်ခဲ့တဲ့ သုံးနှစ်ခန့်ကတည်းက ကိုယ့် ရပ်ကွက် ကိုယ်တာဝန်ယူကြရတယ်။ ရပ်ကွက်အတွင်း အိမ်တစ်အိမ်အနေနဲ့ ခါတိုင်းလို စည်ပင်ကို အမှိုက်ခွန် ပေး စရာမလိုတော့ဘဲ၊ ရပ်ကွက်အမှိုက်သိမ်း အဖွဲ့ကိုပဲ တစ်လ ၁၀၀၀ယ၂၀၀၀ယ၃၀၀၀ ကျပ် စသဖြင့်ပေးရတယ်။ ခက်နေတာက  ရေထဲရပ်ကွက်မှာနေတဲ့ အိမ်ထောင်စု အချို့။ အမှိုက်ကို ရေထဲပစ်ချတယ်။
“အမှိုက်ကားမှာ အမှိုက်မပစ်ဘူး” ဆိုပြီး အမှိုက်သိမ်း လစဉ်ကြေး မပေး ချင်ကြဘူး။ကျွန်တော်အမြင်အရ “မြစ်ချောင်းနဲ့ ရေမြောင်းတွေမှာ အမှိုက်တွေရှိနေတာဟာ ပြည်သူတွေ စည်းကမ်းမရှိလို့ ” ဖြစ်ပြီး၊ ” လမ်းပေါ်မှာ အမှိုက်တွေ ပုံနေတာဟာ အမှိုက်သိမ်းအဖွဲ့တွေ တာဝန်မကျေလို့” ပါ။ ကော့သောင်းမြို့ သပိတ်မျှောပွဲတွေ မှာလည်း ဖော့ခွက်တွေနဲ့မျှောမယ့်အစား ငှက်ပျောပင်၊ မြေအိုးတွေနဲ့ အစားထိုး အသုံးပြုစေသင့်ပါတယ်။

 
ကော့သောင်းမြို့မှာ အားရစရာ ကောင်းတာက ရပ်ကွက်ပိုင် အမှိုက်သိမ်း ကားဝယ်ဖို့အတွက် လုပ်ငန်းရှင်တွေ၊ ရပ်မိရပ်ဖတွေ ဝိုင်းထည့် လှူကြတယ်။ အမှိုက် ပုံမှန်သိမ်းနိုင်အောင် အမှိုက်သိမ်း လုပ်သားကြေးနဲ့ ဒီဇယ်ဆီဖိုး လုံလောက် အောင် ဝိုင်းဝန်း ထည့်လှူကြတယ်။
ကော့သောင်းမြို့ စည်ပင်ကော်မတီ ဝင်တွေကလည်း ၂၀၁၆ ဒီဇင်ဘာမှာ တရားဝင် ခန့်အပ်ပြီးနောက်ပိုင်း လှုပ် လှုပ်ရှားရှား ထဲထဲဝင်ဝင် ပါဝင်ကြီး ကြပ်လာတာ တွေ့ရလို့ ဝမ်းမြောက်မိ ပါတယ်။ အားလည်း ကိုးပါတယ်။ စည်ပင်ကော်မီတီရဲ့ လှုပ်ရှားမှုတွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ မပြတ်တင်ပေးနေတာ ကိုလည်း ကြိုဆိုပါတယ်။

 
ဒါမှ ဝေဖန်ရေးသမားတွေကလည်း ဆီလိုအပေါက်ရှာပြီး မတူညီတဲ့ အမြင် တွေကို ဝိုင်းဝန်းထောက်ပြလို့ရမယ်။ ငြင်းရင်းခုံရင်းနဲ့ပဲ ဘတ်ဂျက် ရေးဆွဲတဲ့ အခါ ဘယ်ဟာကို အရင်ဦးစား ပေးရ မယ်ဆိုတာ အဖြေထွက်လာပါလိမ့် မယ်။ကော့သောင်းဟာ ပရဟိတအဖွဲ့ တွေများတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။အင်အားတောင့်သလောက် ထောင့် စေ့အောင်လည်း လုပ်နိုင်ကြတယ်။ ဒါ ကြောင့် တခြားမြို့တွေနဲ့ယှဉ်ရင် လူမှု ရေး၊ ဘာသာရေးနဲ့  သန့်ရှင်းရေးအပိုင်း တွေမှာ လက်မထောင်နိုင်တဲ့ မြို့တစ် မြို့ဖြစ်ပါတယ်။

 
ဒီနှုန်းအတိုင်း ဆက်သွားကြမယ် ဆိုရင် မကြာမီကာလမှာ ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ သာ ယာလှပတဲ့ မြို့ကလေးအဖြစ် မြင် ယောင်ရင်း  စိတ်ကြီးဝင်နေမိပါတယ်။