ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ်လျှပ်စစ်ပစ္စည်း ဈေးကွက် တွင်ကျယ်လာ

0
441

ထားဝယ်မြို့တွင် ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ် လျှပ်စစ်ပစ္စည်း ဈေးကွက် တွင်ကျယ်လာကြောင်းဈေးကွက် အတွင်းမှ သိရသည်။
ယခင်က ဂျပန် တစ်ပတ်ရစ် လျှပ်စစ်ပစ္စည်း ရောင်းချသည့်ဆိုင် ၁ ဆိုင်ခန့်သာ ရှိရာမှ လက်ရှိအချိန်တွင် ၅ ဆိုင်ခန့်အထိ ရှိလာကြောင်း ဈေး ကွက်အတွင်းမှ သိရသည်။


” ဒီမှာက နယ်ဘက်(လောင်းလုံး) ဝယ်လက်တွေက များတယ်” ဟု ထား ဝယ်မြို့ ညောင်ပင်ကြီးလမ်းတွင် ဖွင့် လှစ်ထားသည့် ဂျပန်ပစ္စည်း အရောင်း ဆိုင် ပိုင်ရှင်ဖြစ်သူ ဦးမျိုးလွင်က ပြောသည်။ဂျပန်နိုင်ငံထုတ် တီဗီများ၊ ရေခဲ သေတ္တာ၊ အဝတ်လျှော်စက်နှင့် လေအေး ပေးစက် အစရှိသည့် လျှပ်စစ် ပစ္စည်း များရောင်းချနေပြီး ရေခဲသေတ္တာကို အများဆုံး ရောင်းရသည်ဟု ထားဝယ် မြို့ ရေးလမ်းတွင် ဖွင့်လှစ်ရောင်းချနေ သည့် အောင်(မြ၀တီ)ဆိုင်မှ တာဝန်ခံ ဖြစ်သူ ကိုအောင်ဝင်းက ဆိုသည်။

 
တီဗီမှာ လက်မအကျယ်အပေါ် မူတည်ကာ ၄သောင်းခွဲမှ ၃ သိန်းကျပ် အထိ၊ အဝတ်လျှော်စက်မှာ အလုပ်လုပ် နိုင်သည့်အပေါ် မူတည်ကာ ၁ သိန်း ပတ်ဝန်းကျင်နှင့် ဂျပန်စက်ဘီးများမှာ ဈေးနှုန်း ၆ သောင်းခွဲမှ ၁သိန်းအထိ ရောင်းချလျက်ရှိကြောင်း ဈေးကွက် အတွင်းမှ သိရသည်။