မြိတ်တွင် ပြည်ထောင်စုနေ့ စက်ဘီးစီးပွဲတော် ကျင်းပမည်

0
541

ပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်ဘီးအစီးရေ ၃၀၀ ကျော်ဖြင့် စက်ဘီး စီးပွဲတော်ကို  ဖေဖော်ဝါရီလ ၁၂ ရက် တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မြိတ် စက်ဘီးစီးအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းအောင်ထံမှ သိရသည်။


ယင်းပွဲကို မြိတ်စက်ဘီးစီးအဖွဲ့နှင့် အား/ကာ တို့မှ ပူးပေါင်းပြီး ပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းစက်ဘီးစီးအဖွဲ့မှ သိရ သည်။
“ပျောက်နေတဲ့ စက်ဘီးစီးအဖွဲ့နဲ့ စက်ဘီးစီးခြင်း အလေ့အထကို ပြန် လည် ဖော်ထုတ်တဲ့အနေနဲ့ ပြုလုပ်ခြင်း ဖြစ်ပါတယ်” ဟု အတွင်းရေးမှူး ဦးနေ လင်းအောင်က ပြောသည်။

 
ယင်းစက်ဘီးစီးပွဲတွင် ပါဝင်လို သူများအနေဖြင့် ဖေဖော်ဝါရီလ ၇ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းရ မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ခရီးစဉ်အနေဖြင့် မြိတ်ဘုရား ငါးဆူ ဘောလုံးကွင်းရှေ့မှ စတင်ထွက်ခွာမည် ဖြစ်ကာ ဗဟိုလမ်း၊ ကန်ခေါင်းလမ်း၊ ကြောင်ငယ်လမ်း၊ ကန်ဘောင်ရိုးလမ်း၊ ဦးမြတ်လေးလမ်း၊ မြို့သစ်တံတားဦး၊ နောက်လယ်၊ တပ်ပြင်လမ်းအတိုင်း စီးနင်းပြီး ကန်ဖျားမြေနီလမ်းအတိုင်း စီးနင်းလာ မည်ဖြစ်ကာ တာစထွက်သည့် ဘုရား ငါးဆူဘော်လုံးကွင်းသို့ ပန်းဝင်ရ မည်ဖြစ်ကြောင်း သိရသည်။
မြိတ်စက်ဘီးစီးအဖွဲ့ကို ပြီးခဲ့သည့် နှစ် နိုဝင်ဘာလက စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင် ၃၀ ကျော်ရှိကာ ယင်းအဖွဲ့သည် ယခင်နှစ် နိုဝင်ဘာလ အတွင်းက မောတောင်နယ်စပ်တွင် ပြုလုပ်သည့် ထိုင်း-မြန်မာချစ်ကြည်ရေး စက်ဘီးစီးပွဲတော်တွင် ပါဝင်ခဲ့ပြီးဖြစ် ကြောင်း ယင်းအဖွဲ့မှ သိရသည်။