ရေးတွင် ရဲအုပ် ၁ ဦးကို အဂတိ လိုက်စားမှုဖြင့် စစ်ဆေး

0
474

မွန်ပြည်နယ် ရေးမြို့မရဲစခန်းမှ ရဲ အုပ် ၁ ဦးကို အဂတိလိုက်စားမှုဖြင့် ပြည်နယ်ရဲတပ်ဖွဲ့ရုံးတွင် ဖမ်းဆီးစစ် ဆေးနေသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။


ရေးမြို့မရဲစခန်းမှ ရဲအုပ် ကျော် သက်ခိုင်ဆိုသူသည် ယာဉ်တိုက်မှုဖြစ်စဉ် တစ်ခုကို စစ်ဆေးနေစဉ်ကာလအတွင်း အမှုသည်ထံမှ ငွေတောင်းခံခြင်း၊ ရိုင်းပြ စွာပြောဆိုခြင်းကြောင့် အမှုသည်တို့က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခဲ့ပြီး ကော်မတီ ၏ စစ်ဆေးတွေ့ရှိချက်အရ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ဇန်နဝါရီ ၂၄ ရက်က ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။

 
” ယာဉ်တိုက်မှုကို စစ်ဆေးနေတဲ့ အချိန်မှာ အမှုသည်တွေဆီက ပိုက်ဆံ ၃ သိန်းတောင်းတယ်၊ အပြုအမှုတွေ ရိုင်းပြတယ်ဆိုပြီး နေပြည်တော်မှာရှိတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆီမှာ အမှုသည်တွေက တိုက်ရိုက်တိုင်လိုက်တယ်၊ ကော်မရှင် က လာစစ်ဆေးတဲ့အခါ စစ်ဆေးပေါ် ပေါက်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး အစီ အစဉ်နဲ့ ရဲအုပ်ကို ဖမ်းဆီးထားတယ်”  ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီး အရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး ခင်မောင်စိုးက ပြောသည်။

 
ရဲအုပ်ကို ရဲစည်းကမ်း ဥပဒေအရ အရေးယူထားပြီး ပြစ်ဒဏ်ချမှတ်ခြင်းကို ရက်သတ္တပတ်အတွင်း အဖြေထွက် ရှိ မည်ဖြစ်ကြောင်း မည်သို့သော အပြစ် ဒဏ်ချမှတ်မည်ကို ပြောရန် အဆင်မပြေ သေးကြောင်း ဒုရဲမှူးကြီး ခင်မောင်စိုးက ပြောသည်။
” စစ်ဆေးလို့ အပြစ်ပေးခံရရင် အနည်းဆုံးပြစ်ဒဏ်က မှတ်တမ်းဝင် သတိပေးတာရှိတယ်၊ လစာလျှော့တာရှိ တယ်။ အများဆုံးက ထောင်ဒဏ် ၂ နှစ် ၃ နှစ်ပဲ။ ရဲအုပ်ဆိုရင် ရဲချုပ် အဆင့်က ဖြုတ်လို့ရတယ်။ ရဲတပ်သား အဆင့် ဆိုရင် ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဖြုတ်လို့ ရတယ် ” ဟု ရဲဝန်ထမ်းဟောင်း တစ်ဦး က ပြောသည်။

 
၂၀၁၅ ခုနှစ် ဒီဇင်ဘာလခန့်က ရေလုပ်ငန်းရှင်တစ်ဦး မောင်းနှင်သည့် ကား မတော်တဆဖြစ်ပွားမှုကြောင့် ရေလုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိ သည့်အမှုတွင် တရားစွဲဆိုခံရသည့် အလုပ်ရှင်ဆီမှ ရဲအုပ် ကျော်သက်ခိုင်က ငွေ ကျပ် ၃ သိန်းတောင်းခံခဲ့ခြင်း၊ ရိုင်း ပြစွာပြောဆိုခြင်းကြောင့် အလုပ်ရှင်က နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်ထံတွင် တိုင်ကြား ခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။