ထားဝယ်စီမံကိန်းအတွက် ဂျပန်ဝန်ကြီးချုပ် အကြံပေးအဖွဲ့ လာမည်

0
489

ထားဝယ် အထူးစီးပွားရေးဇုန်စီမံ ကိန်းအတွက် ဂျပန်ဝန်ကြီးချုပ်၏ အကြံ ပေးအဖွဲ့သည် ဇန်နဝါရီလ ၂၉ ရက်တွင် နေပြည်တော်သို့ လာရောက်မည်ဖြစ် ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။


နေပြည်တော်တွင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ ထားဝယ် အထူးစီးပွား ရေးဇုန် စီမံကိန်းကိစ္စကို ဆွေးနွေးကြ မည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၏ ဒု-ဥက္ကဋ္ဌ ဖြစ်သည့် တနင်္သာ ရီ တိုင်းအစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုး ဝင်းထွန်းက ပြောသည်။

 
” ဘာတွေ ဆွေးနွေးလဲဆိုတဲ့ အသေး စိတ်ကတော့ ဆွေးနွေးပွဲပြီးမှ သိရမှာပါ” ဟု ဦးဖြိုးဝင်းထွန်းက ဆိုသည်။တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလက ဂျပန်နိုင်ငံသို့ သွားရောက်ကာ ဂျပန် ဝန်ကြီးချုပ် အကြံပေးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် တစ်လကျော်အကြာ တွင် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် အကြံပေး ခရီးစဉ် မတိုင်မီ ဂျပန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့နှင့် ဂျပန်နိုင်ငံ၏ လွှတ် တော် အမတ်တစ်ဦး ပါဝင်သည့် အဖွဲ့ များက ထားဝယ်စီမံကိန်းကို လာရောက် လေ့လာခဲ့ကြသည်ဟု ဦးဖြိုးဝင်းထွန်းက ပြောသည်။” ဂျပန်ရဲ့ စိတ်ဝင်စားမှုက ပိုများ လာတယ်။ ထိတွေ့မှုလည်း များလာ တော့ မျှော်လင့်ချက် ပိုကောင်းတာပေါ့။ ဒီစီမံကိန်း ဖြစ်လာစေချင်တယ်” ဟု ၎င်းက ဆိုသည်။

 
ယခုဇန်နဝါရီလ ဆန်းပိုင်းက ထား ဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ပက်သက်၍ စီမံခန့်ခွဲမှုကော်မတီနှင့် အီတာလျှံ –  ထိုင်းကုမ္ပဏီတို့တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ထိုင်းအစိုးရဘက်မှ လမ်း အတွက် အကူအညီပေးရန် ကမ်းလှမ်း ထားကြောင်း ကော်မတီထံမှ သိရသည်။