သမိုင်းသစ် ငြိမ်းချမ်းရေးပွဲတော်

0
415

ထားဝယ်ဒေသခံ လူငယ်အဖွဲ့များ အပါအဝင် နိုင်ငံတဝန်းမှ တိုင်းရင်းသား လူငယ်အဖွဲ့ပေါင်းစုံ ပါဝင် ဖွဲ့စည်း ထားသော သမိုင်းသစ် (ငြိမ်းချမ်းရေး အတွက် လှည့်လည်ခရီးသွားသူများ) အဖွဲ့က  ငြိမ်းချမ်းရေးပွဲတော် တစ်ရပ် ကျင်းပမည် ဖြစ်သည်။


ပွဲတော်တွင် လူငယ် ၂၀၀ ကျော်က ၎င်းတို့ တတ်ကျွမ်းသော ဆိုင်ကယ်စတန့်၊ စကိတ်စတန့်၊ မျက်လှည့်၊ ကဗျာရွတ် ခြင်း၊ ဟောပြောခြင်း၊ သီဆိုတီးခတ်ခြင်း၊ ကခုန်ခြင်း စသဖြင့် လမ်းမများပေါ် လှည့်လည်ဖျော်ဖြေသွားမည်ဟု သိရ သည်။
ကျင်းပမည့် ရက်မှာ ဇန်နဝါရီ ၂၈ နှင့် ၂၉ ရက်တို့တွင် ဖြစ်သည်။

 
ယခုပွဲသည် သမိုင်းသစ်အဖွဲ့၏ ပထမဆုံး လှုပ်ရှားမှုဖြစ်ပြီး အခြား မြို့နယ်များတွင်လည်း ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သမိုင်း သစ်အဖွဲ့ဝင် ကိုဝေဖြိုး(ထားဝယ်တက် ကြွလူငယ်အဖွဲ့)က ပြောသည်။