နာရေးများအတွက် ဇမ္ဗူသီရိ အဖွဲ့က အခေါင်းလှူမည်

0
462

ထားဝယ်မြို့နယ်အတွင်းရှိ နာရေး များအတွက် အခေါင်းများကို လှူဒါန်း မည်ဖြစ်ကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာကူညီ သယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။


ပထမအဆင့်အနေဖြင့် ပိုင်ရှင်မဲ့ အလောင်းများ၊ ချို့တဲ့မိသားစုများ၏ နာရေးများနှင့် ဒေသတွင် သေဆုံးသည့် ရပ်ဝေးမှ နာရေးများကို လှူဒါန်း မည်ဖြစ်ပြီး နောက်ပိုင်းတွင် ထားဝယ် မြို့နယ်အတွင်းရှိ နာရေးများအားလုံးကို လှူဒါန်းမည်ဖြစ်ကြောင်း ဇမ္ဗူသီရိ အဖွဲ့၏ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။

 
” ပထမအဆင့်အတွက် အခုတစ် ရက် နှစ်ရက်ထဲမှာ စလှူပါမယ်။ လိုအပ်ရင် အကူအညီ တောင်းခံနိုင် ပါတယ်” ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။အခေါင်းများကို ဇမ္ဗူသီရိရံပုံငွေဖြင့် လှူဒါန်းမည်မဟုတ်ဘဲ ဇမ္ဗူသီရိ အဖွဲ့ဝင်များနှင့် အကူအညီပေးသူများ၏ စုပေါင်းလှူဒါန်း ငွေများဖြင့် လှူဒါန်း ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

 
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း အရေးပေါ်လူနာကူညီသယ်ဆောင်ရေးလုပ်ငန်းများ တစိုက်မတ်မတ် လုပ်ကိုင် ခဲ့ရာတွင် ပိုင်ရှင်မဲ့ အလောင်းများ၊ ချို့တဲ့မိသားစု၏ နာရေးများတွင် အခေါင်း လိုအပ်ချက်များရှိသည်ကို တွေ့ရခြင်းကြောင့် ယင်းသို့ အခေါင်း လှူရန် စီစဉ်ရခြင်းဖြစ်ကြောင်း ယင်း အဖွဲ့ထံမှ သိရသည်။