အသက်မပြည့် စုံတွဲများ လက်ခံက အရေးယူမည်

0
423

တိုင်းအတွင်းရှိ ဟိုတယ်နှင့် တည်း ခိုခန်းများတွင် အသက်မပြည့်သေးသည့် မိန်းကလေးနှင့် သူစိမ်းအမျိုးသားတို့ တည်းခို နေထိုင်ပါက တည်းခိုခွင့်ပြု သည့် ဟိုတယ်နှင့် တည်းခိုခန်းများကို အရေးယူသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။


အသက်မပြည့်သေးသည့် မိန်းက လေးနှင့် သူစိမ်း အမျိုးသားများ လက်မ ခံရန် ဟိုတယ်နှင့် တည်းခိုခန်း တာဝန်ရှိ သူမျာကို တစ်ပတ်အတွင်း အသိပညာ ပေးသွားမည်ဖြစ်ပြီး ပညာပေးကာလ ၁ လပြည့်ပါက သက်ဆိုင်ရာ ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးက ဆိုသည်။

 
” အသက်ငယ်တဲ့ မိန်းကလေးတွေ မပျက်စီးအောင်၊ အမှားတွေ မဖြစ်အောင် ထိန်းသိမ်းတဲ့ သဘောပဲ” ဟု တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြော သည်။အုပ်ထိန်းသူ မိဘ မပါဘဲ အသက် ၁၆ နှစ်အောက် မိန်းကလေးနှင့် ယောကျာ်း လေးတွဲပြီး လာရောက်တည်းခိုခြင်း မရှိအောင် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ရဲမှူးကြီးနေမျိုးက ဆိုသည်။

 
ဟိုတယ်နှင့် တည်းခိုခန်းအချို့တွင် မှတ်ပုံတင်ပြနိုင်မှသာ ဧည့်သည်လက်ခံ နေပြီး အသက်မပြည့်သည့် မိန်းကလေး နှင့် အမျိုးသားတို့ လာရောက်တည်းခို ပါက မေးမြန်းစုံစမ်းရန် ခက်ခဲကြောင်း ထားဝယ်မြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် တည်းခိုခန်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

 
စုံတွဲများ လာရောက်တည်းခိုပါက မိန်းကလေးတွင် မှတ်ပုံတင်ပါမှသာ တည်းခိုခွင့်ပြုပြီး တာဝန်ရှိသူများအနေနဲ့ မှတ်ပုံတင်မရှိဘဲ ဧည့်သည်လက်ခံခြင်း မျိုးကို ဦးစွာကြပ်မတ်သင့်ကြောင်း ထားဝယ်မြို့ရှိ နာမည်ကြီး ဟိုတယ် တစ်ခု၏ တာဝန်ရှိသူက ဆိုသည်။
” ဒီလိုမျိုး လက်ခံတာကို ရှောင် တခင် စစ်ဆေးပြီး တိတိကျကျ အရေး ယူစေချင်တယ်” ဟု အဆိုပါ တာဝန်ရှိသူ က ပြောသည်။
ထားဝယ်တွင် တိုင်းရဲရုံးကို ခေါ်ယူ ကာ ပညာပေးသွားမည်ဖြစ်ပြီး မြိတ်နှင့် ကော့သောင်းခရိုင်များတွင် ခရိုင် အလိုက် ပညာပေးသွားမည်ဖြစ်ကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။