မွန်အမျိုးသားနေ့အတွက် ပြည်နယ်အစိုးရ ကျပ်သိန်း ၁၅၀ ထောက် ပံ့

0
436

မွန်အမျိုးသားနေ့ အခမ်းအနား အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့ပေး သွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ ထံမှ သိရသည်။


ဖေဖော်ဝါရီ ၁၂ ရက် (တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့) တွင် ကျ ရောက်သည့် (၇၀) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနား အတွက် ဖြစ်မြောက်ရေးကော်မတီမှ ကျပ်သိန်း ၂၀၀ ထောက်ပံ့ပေးရန် ပြည် နယ်အစိုးရထံ တောင်းခံထားသည်ကို ကျပ်သိန်း ၁၅၀ ထောက်ပံ့ရန် ဇန်န ဝါရီလ ၁၈ ရက်က အစိုးရအဖွဲ့က သဘောတူဆုံးဖြတ်ထားသည်ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။
” ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား လုပ်ဖို့ အစိုးရအဖွဲ့က ထောက်ပံ့ငွေ ပေးထားတယ်ဆိုတော့၊ မွန်အမျိုးသားနေ့ အခမ်းအနား လုပ်ရင် အစိုးရအဖွဲ့က ထောက်ပံ့ငွေပေးဖို့ ပွဲဖြစ်မြောက်ရေး ကော်မတီက တောင်းထားတယ်၊ ဒါ ကြောင့် ပေးတာ” ဟု ဒေါက်တာ မင်းကြည်ဝင်းက ဆိုသည်။

 
ယခုကဲ့သို့ မွန်အမျိုးသားနေ့ အခမ်းအနားအတွက် ပြည်နယ်အစိုးရမှ ငွေကြေးထောက်ပံ့ပေးခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်ဟု ၇၀ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဖြစ် မြောက် ရေးကော်မတီအဖွဲ့ဝင် မိနန္ဒာနန် က ပြောသည်။မွန်အမျိုးသားနေ့ ဗဟိုအခမ်း အနားကို ကျိုက်မရောမြို့တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့်၊ ကျေးရွာအဆင့်တို့ကို မြို့နယ်တိုင်း ကျေးရွာတိုင်းတွင် ကျင်းပပြုလုပ် ကြ မည်ဟု အထက်ပါကော်မတီမှ သိရ သည်။

 
သမလ၊ ဝိမလ မွန်မင်းညီနောင် နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုး သားနေ့အဖြစ် သတ်မှတ်ကာ ကျင်းပ လာခဲ့ကြသည်။