ကော်မတီများ ကျန်းမာပါစေ

0
440

ကဲ ရပ်ကွက်ဘောလုံးပွဲမှာ နိုင်လာ ရင် အော်သလိုမျိုး အော်မှရမယ် ထင် တယ်။ ” လာပြန်ပြီတဲ့ တို့မေဝေး ကော်မတီပဲ့ သေး” ဟု။ ပုံမှန်က ထားဝယ် လိုအော်တာကို မှီးယူထားတာပါ။ (လာဗ္လန်ဘီလဲ့ နိုမိဝေး ကော်မတီ ဗဲ့သေး)


နိုင်ငံရေး ပွင့်လင်းလာ ကတည်းက ဖွဲ့လိုက်တဲ့ ကော်မတီတွေ၊ အဲဒီ ကော်မတီ တွေအကြောင်း တွေးမိလို့ပါ။ မှတ်မိ သလောက် လက်တန်းရွတ်ပြရရင် တစ် ယူနစ် ၃၅ ကျပ်နဲ့ ရရှိရေး လျှပ်စစ်မီး ကော်မတီ၊ သန်းခေါင် စာရင်းမှာ ထားဝယ် လူမျိုးအမည်မှန် ထည့်သွင်းရေး ကော်မတီ၊ အဲဒီကနေ ဗထူးရာပြည့် ကော်မတီ။ (ကော်မတီအမည်တွေ ကို တိတိ ကျကျ မဖော်ပြနိုင်တာကိုတော့ ကြိုတင် တောင်းပန်ပါတယ်)အခု နောက်ဆုံးလတ်လတ် ဆတ်ဆတ် ဖွဲ့လိုက်တာကတော့ ထားဝယ်တစ်မျိုး သားလုံးဆိုင်ရာ လူမျိုးအလိုက် အမျိုး သားအဆင့်နိုင်ငံရေးဆွေး နွေးပွဲ ကျင်းပ ရေး ကော်မတီ ဖြစ်ပါတယ်။

 
ကော်မတီတွေ ဖွဲ့ပြီဆိုမှတော့ အလုပ်လုပ်ဖို့ပေါ့။ ပန်းတိုင်တစ်ခု အနည်း ဆုံးရှိမယ်၊ ဦးဆောင်သူတွေ ရှိမယ်၊ ကြီးကြပ်သူတွေရှိမယ်၊ အသေးစိတ်တွေ ဦးဆောင်သူတွေရှိမယ်၊ အသေးစိတ် အကောင်အထည်ဖော်ရ သူတွေ ရှိမယ်၊ ငွေကြေးအားဖြင့်သော် လည်းကောင်း၊ စိတ်ဓာတ်အားဖြင့် သော် လည်းကောင်း ဝန်းရံအားပေးသူတွေ ရှိမယ်။

 
ကြိုဆိုစရာကောင်းတာက ဒီလို ကော်မတီတွေ ဖွဲ့တာ အလုပ်လုပ် ဖို့ဖြစ်တယ်။ မတူတဲ့ အဖွဲ့အစည်းတွေက မတူတဲ့ လူပုဂ္ဂိုလ်တွေ ပေါင်းပြီး အတူတူ လုပ်ဖို့ ကြိုးစားကြတာ ကြိုဆိုစရာ။ ကဲ . . . ဆိုတော့ ကြည့်ရအောင်ပါ။
ဘယ်ကော်မတီများ ကျန်းမာ ချမ်းသာစွာနဲ့ ပန်းတိုင်ကို ချီတက်နိုင် ကြပါသလဲ။ တစ်ယူနစ် ကျပ် ၃၅ ကျပ် အခု တနင်္သာရီတိုင်းမှာ ရနေပြီလော။ ကော်မတီက အားကောင်းမောင်းသန်နဲ့ စခဲ့တာ အားရစရာ တော်တော်ကောင်း တယ်။ တနင်္သာရီတိုင်းမှာ လျှပ်စစ်မီး တစ်ယူနစ် ၃၅ ကျပ်နဲ့ ရရှိရေး ဆန္ဒပြကြ၊ လူထု ထောင်ချီပါကြနဲ့။ ရာဇပလ္လင် ကို ကိုင်လှုပ်နိုင်အောင် လုပ်ခဲ့ကြတယ်။
အတိုင်းအတာ တစ်ခုအထိတော့ ထိရောက်ခဲ့တယ်။

 
အခု ၂ နှစ် ၃ နှစ်အကြာ မေးခွန်းက တစ်ယူနစ် ကျပ် ၃၅ ကျပ် အခု တနင်္သာ ရီတိုင်းမှာ ရနေပြီလော။ ကော်မတီကော ဘယ်ရောက်သွားပါ ပြီလဲ။ နောက်တစ်ခုက ထားဝယ်သမိုင်းမှာ စံတင်လောက်တဲ့ လှုပ်ရှားမှုမျိုးရှိခဲ့တဲ့ သန်းခေါင်စာရင်းမှာ ထားဝယ်လူမျိုး အမည်မှန် (ကုတ်နံပါတ် ၅၀၂) ထည့် သွင်းရေး ကော်မတီ။အခုထိ သန်းခေါင်စာရင်းမှာ လူမျိုး လူဦးရေတွေ မထုတ်ပြန်သေးတော့ ကော်မတီရဲ့ အောင်မြင်မှု မတိုင်းတာ နိုင်သေး။

 
သို့သော် အဲဒီ ကော်မတီရဲ့ လှုပ်ရှား မှု အသံတွေ မကြားရတော့ ဘယ်များ ရောက်သွားသလဲ စောကြောမိတယ်။ ဥပမာ သန်းခေါင်စာရင်း ကောက်တဲ့ ကာလကုန်သွားတော့ ဖျက်လိုက်ပြီလား။ သေချာတာကတော့ ထားဝယ်လူမျိုး စာရင်း မသိရသေး။
နောက်ကော်မတီတစ်ခုက ဗထူး ရာပြည့် ကော်မတီ။ အခုထိ ဆိုင်းဘုတ် တွေ ရှိတုန်း။ တနင်္သာရီတိုင်းအစိုးရက တောင်မှ ဦးဆောင်ပြီး ပါတယ်ဆိုတော့ စောနက ကော်မတီတွေ ထက်တောင် အများကြီး အင်အားတောင့်တယ် ပြောလို့ ရတယ်။

 
ဗထူးမွေးနေ့ တုန်းကတော့ ပွဲတွေ လုပ်ခဲ့ပြီးပြီ။ ပွင့်လင်းရာသီမှာ ပွဲတော် ကြီးကြီးကျယ်ကျယ် လုပ်မယ်ဆိုပြီး သတင်းတွေထဲမယ် တွေ့လိုက်တယ်။ ဖောင်ဒေးရှင်း ထောင်မယ်ဆိုပြီး ကြော်ငြာထားတာလည်း တွေ့လိုက် တယ်။ ဗထူး ရင်ပြင်ကတော့ ဆောက်ဆဲ ဖြစ်မယ် ထင်တယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ပေါ်လာတာကတော့ တောင်သုံးလုံးက BIA ကျောက်တိုင်နဲ့ ရင်ပြင်တည်ဆောက် ရေး။ အဲဒါလည်း တနေ့က တရားပွဲ လုပ်နေတော့ လှုပ်ရှားမှုတွေ ရှိတာ သိလိုက်တယ်။ ရာပြည့် မဂ္ဂဇင်းကတော့ ဘယ်ဘူတာ ဆိုက်နေလဲ မသိ။

 
ဗထူးကတော့ ပြောနေရော့မယ် ဟဲ့ကောင်တွေ ငါအခု ရာကျော်လို့ ၁၀၁ ကို တောင်ရောက်တော့မယ်ဟ။ မင်းတို့ မရှက်လည်း ငါရှက်တယ်။ ငါ့ပုံတွေ ပြန်ဖြုတ်လို့။ ဗမောင်းကတော့ ဖြတ်သွားဖြတ်လာ လမ်းဘေးမှာတွေ့တတ်တဲ့ ဗထူးရာပြည့် ဆိုင်းဘုတ်ကြီး ထဲက “လုပ်ဆောင်ရန် စာရင်း” တွေကို မကြာခဏ ဖတ်ရင်း အတွေးကိုလိုနီ လုပ်နေမိတယ်။

 
အခုတော့ ထားဝယ် အမှတ် (၁) အထက်တန်းကျောင်းရှေ့က ကော်မတီရုံး ခန်းကြီးလည်း အမြဲလိုလို ရွှေရင်တံခါး ပိတ်လို့ထား။ ဗိုလ်မှူးကြီး ဗထူး ရာပြည့် ကော်မတီ Fခေနဘသသု စာမျက်နှာလေး ကလည်း ဆက်ရေးတာ မတွေ့၊ နောက် ဆုံး ရေးခဲ့တဲ့ (ဏသျအ တင် အသိပေးခဲ့တဲ့) ရက်စွဲက ပြီးခဲ့တဲ့ လေးလကျော်က စာစီစာကုံး၊ ပန်းချီ ပြိုင်ပွဲ ကျင်းပစဉ်က။
ကြားထဲတော့ သူများတင်ထားတဲ့ ဗထူးရုပ်တုနောက်ဆုံး အခြေအနေလေး မျှဝေ (Share) ထားတာ တွေ့တယ်။ ကိုယ်တိုင်တင်ခဲ့တဲ့ နောက်ဆုံး ဏသျအ ကတော့ လေးငါးလတောင် ရှိပြီ။ တစ် ယောက်ကတောင် ဝင်မေးထားသေးတယ်။
” ဆုစာရင်းလည်း မကြေညာသေး ပါလား” တဲ့။ သူ့အောက်ကတစ်ယောက် ဝင်ပြော ထားတယ်။
“ဖြေးဖြေးပေါ့ စိတ်ရှည်” တဲ့။

 

(မူရင်း သတ်ပုံအတိုင်း)
ဟုတ်တယ်။ အခုတစ်လော ခေတ် အစားဆုံးစကားလုံးတွေက ဖြည်းဖြည်း ပေါ့တို့၊ စိတ်ရှည်တို့၊ သည်းခံတို့၊ အခု ရေတွင်းတူး အခု ရေကြည်သောက်မရတို့။ နှစ်ငါးဆယ် ပျက်နေတဲ့ တိုင်းပြည်ဘာ ဖြစ်တယ် ညာဖြစ်တယ်တို့။
ပြောရင်းနဲ့ ဘေးရောက်သွားပြန်ပြီ။
ဆိုလိုရင်းက အဲဒီတုန်းက လုပ်မယ် လို့ လူသိနတ်ကြား ကြေညာထားတဲ့ စာရင်းတွေထဲက ဘယ်ဟာတွေက ပြီး မြောက်သွားပြီလဲ၊ ဘယ်သဟာတွေ ကကော လုပ်ရန်ကျန်သေးသလဲ၊ ဘယ် ဟိုဒင်းကတော့ ဘယ်အကြောင်းကြောင့် မလုပ်ဖြစ်တော့ဘူးလဲ။
ဒါမျိုးလေးတွေကိုတော့ ထုတ်ပြန် ကြေညာ အသိပေးသင့်တယ်ထင် ပါ တယ်။ ဒါက ဒီနယ်မှာရှိတဲ့ လူအားလုံး နဲ့ ဆိုင်တဲ့ ကိစ္စမဟုတ်လား။
ဗထူး ကော်မတီ အပါအဝင် စောန က သိသလောက် ဆိုခဲ့ပြောခဲ့တဲ့ ကော်မတီတွေကကော အဲဒီ ကော်မတီတွေ ဘယ်ဘူတာ ဆိုက်နေပြီလဲ လူထုကို အသိပေးရှင်းလင်းမှုတွေ မလုပ်သင့် ဘူးလား။ လူထုကို မတင်ပြ သင့်ဘူးလား (ချပြတာ မဟုတ်ဘူးနော်၊ တင်ပြရမှာ)။ သိသလောက်တော့ အဲဒီကော်မတီတွေ ထဲမှာ လူထု အလှူငွေလည်းပါတာပဲ။

 

အဲဒီ ကော်မတီတွေ မီးစာကုန်ပြီ လား။ ဘယ်မီးစာမျိုး သုံးမိခဲ့လို့ မီးအား ကုန်သွားရတာလဲ။ မီးစာက ကောက်ရိုး တော့ မဖြစ်စေချင်။

ပြောလေ့ရှိတယ် မဟုတ်လား။ ပွဲပြီးမီးသေဆိုတာ။ အခုက ပွဲပြီးမှန်း မပြီးမှန်း မသိသေး။ မီးကတော့ မမြင်ရ တော့။

 

(ဗမောင်း မျက်စိမှုန်တာလည်း ဖြစ်မှာပါလေ) ကဲ အခုလည်း ကော်မတီ တစ်ခု လာပြန်ပြီ။ ထားဝယ် တစ်မျိုးသားလုံးဆိုင်ရာ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေး ကော်မတီ တဲ့။
လက်ရှိ နိုင်ငံရေး ဖြစ်စဉ်၊ ငြိမ်းချမ်း ရေး ဖြစ်စဉ်မှာ သူမျိုး ၁၀၁ ပါးသော လူမျိုးတွေ ပြင်ဆင်နေခိုက်မှာ ထားဝယ် လူမျိုးလည်း ပြင်ဆင်ရမယ်လေ။ အချိန် ကိုက်ပါပဲ။ ဒါပေမယ့် ရှေ့မှာလိုတော့ မဖြစ်စေချင်။အပေါ်မှာ ပြောခဲ့တဲ့ လျှပ်စစ် ကော်မတီ၊ သန်းခေါင်စာရင်း ကော်မတီ၊ ဗထူး ကော်မတီတို့က ဖြစ်အင်တွေကို နမူနာ ယူစေချင်လှပါတယ်။ ပန်းတိုင် တကယ်တူရဲ့လား၊ ဒီမတူ ခြားနားသော လူများ ငြင်းခုန် ဆွေးနွေး နိုင်ရဲ့လား၊ ထစ်ခနဲ့ရှိ ငါမပါ တော့ဘူး စိတ်ကင်းကြပါ၏လား၊ မင်းတို့ဟာက အလကားပါကွာဆိုတာမျိုးတွေ ကင်း ရဲ့လား၊ တစ်စိုက်မတ်မတ် ဦးဆောင် ဦးရွက် ပြုနိုင်ကြပါရဲ့လား။
ကိုယ်တွေအမျိုးက အပြောခံရနေ ကြလေ။
ချမယ်ဆို ဝုန်းဝုန်းနဲ့။ ပေါ်ပင် လုပ် ကြ။ ပြီးရင် ကောက်ရိုးမီး။ သွေးပူတုန်း တော့ လာကြလာကြ၊ ပြီးရင် ဒုံရင်း ဒုံရင်း။ အဲလို မဖြစ်စေချင်။ ဆိုတော့ ဒီကော်မတီတွေ အားလုံး က သမိုင်းပေးတာဝန်ကြောင့် ဖြစ်လာတာ ကြီးပါပဲ။ ခေတ်ဝန်ကို ထမ်းဖို့ စုစည်း ခဲ့ကြတာချည်းပဲ။
သို့သော် ကောက်ရိုးမဟုတ်တဲ့ ဘယ်မီးစာနဲ့ ခရီးသွားကြမလဲ။ သဘာဝ ဓာတ်ငွေ့လေးရှာထားမှ။ မီးစာခံအောင်။  ပန်းတိုင်ရောက်အောင် စဉ်ဆက်မပြတ် စုစည်း အားထုတ် ကြိုးကုတ်ကြမလဲ။ ကော်မတီကို ကျန်းမာနေအောင် ဘယ်လို တည်ဆောက်ကြ မလဲ။
ဒါကို အရင်စဉ်းစားပြီးမှ ကော်မတီ ဖဲကြိုးစဖြတ်ဖို့ ကြိုးစားသင့်ပါကြောင်း။
ဖွဲ့ခဲ့ပြီးသော၊ ရှာမတွေ့တော့သော နာမကျန်းကော်မတီများကိုလည်း လိုအပ် တာများ ကုစားပြီး ပြန်လာအောင် ဆောင်ရွက်သင့်ပါကြောင်း။ ပြည်သူတွေမေ့နေလောက်ပြီဟု မထင်သင့်ပါကြောင်း။ မမေ့သူများလည်း ရှိပါကြောင်း။