မုတ္တမကွေ့တွင် ဆောင်းခိုငှက်နှင့် ရေပျော်ငှက်ကျက်စားမှု တစ်နှစ်ထက်တစ်နှစ် များလာ

0
417

မုတ္တမပင်လယ်ကွေ့တွင် ကမ္ဘာ့မျိုး သုဉ်းရန် စိုးရိမ်ရအဆင့်ရှိ ရေညှောင့် နှုတ်ဝိုင်း (ဒီလုံး) ငှက်အပါအဝင် ဆောင်း ခိုငှက်နှင့် ရေပျော်ငှက် လာရောက် ကျက်စားမှု တစ်နှစ်ထက် တစ်နှစ်                 ပိုများလာသည်ဟု ဇီဝမျိုးစုံမျိုးကွဲ                နှင့်သဘာဝထိန်းသိမ်းရေးအသင်း (BANCA) နှင့် ဒေသရှိ ငှက်မုဆိုးများ ထံမှ သိရသည်။
လက်ရှိတွင် မုတ္တမပင်လယ်ကွေ့သို့ ကမ္ဘာ့ရှားပါးငှက်မျိုးများ အပါအဝင် ဆောင်းခိုငှက်နှင့် ရေပျော်ငှက်အကောင် ရေ တစ်သိန်းခွဲမှ နှစ်သိန်းကြား နှစ်စဉ် နှစ်တိုင်း လာရောက်ကျက်စား လေ့ရှိ သည်ဟု ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးအသင်း (BANCA) Program Manager   ဦးပြည့်ဖြိုးအောင် က ပြောသည်။

 
“ရေပျော်ငှက်တွေ ဆောင်းခိုငှက် တွေရဲ့ အရေအတွက်က အနည်းငယ်မြင့် တက်လာပြီးတော့ အခုချိန်မှာ တည်ငြိမ် နေတဲ့ အနေအထားရှိတယ်။ ပြန်ပြီးတော့ ကျဆင်းသွားတဲ့ အနေအထား မတွေ့ ရဘူး ” ဟု ဦးပြည့်ဖြိုးအောင်က ဆိုသည်။တစ်ကမ္ဘာလုံးတွင် အကောင်ရေ ၅၀၀ ခန့်သာ ကျန်တော့သည့် ရေညှောင့် နှုတ်ဝိုင်းငှက်မျိုး (Spoon billed Sandpiper) ခန့်မှန်း အကောင်ရေ ၁၈၀ မှ ၂၂၀ ခန့် မုတ္တမပင်လယ်ကွေ့တွင် လာရောက် ကျက်စားလေ့ရှိသည်ဟု ဦးပြည့်ဖြိုးအောင်က ပြောသည်။

 
ငှက်မျိုးပေါင်း တစ်သိန်းခွဲနှင့် နှစ်သိန်းကြား လာရောက်ကျက်စား တက်သည့် မုတ္တမပင်လယ်ကွေ့တွင် ငှက်ကြည့်ဇုန်အဖြစ်နေရာ နှစ်နေရာ သတ်မှတ်ထားသည်။

 
ရေညှောင့်နှုတ်ဝိုင်းငှက်မျိုး (Spoon billed Sandpiper) များ သည် မိုးကာလ၌ ရုရှားနိုင်ငံတွင် သား ပေါက်ပြီး ဆောင်းကာလတွင် မိုင် ထောင် ချီပျံသန်းပြီး မြန်မာနိုင်ငံကမ်းရိုး တန်းတစ်လျှောက်တွင် လာရောက် ဆောင်းခိုလေ့ ရှိသည်။
ကမ္ဘာပေါ်တွင် မုတ္တမပင်လယ်ကွေ့ သည် ၎င်းငှက်မျိုးများ ဆောင်းခိုသည့် အဓိကနေရာ ဖြစ်သည်။