မောင်းမကန်ရေပူစမ်း အဆင့်မြှင့်ရန် မရေရာ

0
397

ထားဝယ်ဒေသ၏ နာမည်ကျော် မောင်းမကန်ကမ်းခြေအနီးရှိ မောင်း မကန်ရေပူစမ်းအား အဆင့်မြှင့်တင် ပြင်ဆင်နိုင်ရန်  သက်ဆိုင်ရာ ဝန်ကြီး ဌာနမှ တိုင်းအစိုးရအဖွဲ့သို့ တရားဝင် မြေလွှဲပြီးမှသာ ဆောင်ရွက်နိုင်မည် ဖြစ် ကြောင်း လူမှုရေးနှင့် စည်ပင် သာယာ ရေးဝန်ကြီးက ဇန်နဝါရီ ၉ ရက်က တိုင်း လွှတ်တော်တွင် ဖြေကြားခဲ့သည်။


လောင်းလုံးမဲဆန္ဒနယ်မှ တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေး ၏ မေးခွန်းအား ယင်းခဲ့သို့ ဖြေကြားခဲ့ ခြင်း ဖြစ်သည်။
အဆိုပါရေပူစမ်းမြေနေရာကို ပြီးခဲ့သည့် ၁၉၉၄ ခုနှစ်က တပ်မြေအဖြစ် ခွင့်ပြုမိန့် ရရှိခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မောင်းမကန်ကြိုးပြင် ကာကွယ်တော မြေအဖြစ် သတ်မှတ်ထားကာ လက်ရှိ အချိန်တွင် မောင်းမကန်ကြိုးပြင်      ကာကွယ်တောမြေအဖြစ်သာ စာရင်း မြေပုံတွင်မှတ်တမ်းတင် ထားကြောင်း ဝန်ကြီးက ဖြေဆိုသွားခဲ့သည်။

 
ဝန်ကြီးအဖြေပါ သက်ဆိုင်ရာ ဝန်ကြီးဌာနဆိုသည်မှာ မည်သည့် ဌာနကို ဆိုလိုကြောင်း ရှင်းလင်းစွာ ဖြေကြားထားခြင်း မရှိပေ။
လက်ရှိအချိန်တွင် ရေပူစုကန် ၃ ကန်၊ အမျိုးသား အိမ်သာတွဲနှင့် အမျိုး သမီးအိမ်သာတွဲများ ပြုလုပ်ထားကာ အမှတ် ၁၀၄ တပ်ရင်းက ဝင်ငွေရရှိစေရန် ရေတစ်ခါချိုးလျှင် တစ်ဦးကို ကျပ် ၁၀၀ နှုန်း ကောက်ခံနေပြီး အခြားဝန်ဆောင်မှု အဖြစ် ကောက်ခံမှု မရှိကြောင်း ဝန်ကြီး က ဖြေကြားသည်။

 
မြေပြင်တွင်မူ ရေချိုးခန်းများ ဆောက်လုပ်ထားပြီး လူတစ်ဦး ရေချိုး ပါက ကျပ် ၅၀၀ ကောက်ခံနေပြီး ရေပူ စုကန်တွင် ရေချိုးပါက ကျပ် ၁၀၀ ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။မောင်းမကန်ရေပူစမ်း ခေတ်နောက် ကျနေပြီး လက်ရှိအချိန်တွင် ပြုပြင် ထိန်းသိမ်းမှု အားနည်းသည့်အတွက် ရေပူချိုးသည့် နေရာတွင် ရွံ့ဗွက် ရေဆိုး များဖြင့် ညစ်ပတ်နေပြီး အနံ့အသက် များလည်း ဆိုးရွားနေကြောင်း လွှတ် တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက ဆိုသည်။

 
” တစ်နေ့တစ်ခြား တိုးတက်နေတဲ့ ခရီးသွားဧည့်သည်တွေကို ဒေသခံတွေ အနေနဲ့မျက်နှာပူစရာ ကောင်းလှတယ်” ဟု ဦးဗိုလ်ထွေးက ပြောသည်။