ထိုင်း ခရီးသွားများ မြန်မာနယ်စပ်တွင် အဖမ်းခံရ

0
692

မြန်မာနှင့် ထိုင်းနယ်စပ် ဘုရား သုံးဆူ ဂိတ်အနီးတွင် ထိုင်းခရီးသွား လေးဆယ်နီးပါ ခေတ္တအဖမ်းခံ ခဲ့ရကြောင်း ထိုင်းမှလာသော သတင်း အချို့တွင် ဖော်ပြထားသည်။


ထိုခရီးသွားများသည် ဇန်နဝါရီလ ၂၁ ရက်တွင် ဘုရားသုံးဆူ ဈေးသို့ မော်တော်ယာဉ် သုံးစီးဖြင့် ရောက်ရှိ လာပြီး လက်နက်ကိုင် ကရင်တပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ ယင်းနောက် ထိုကိစ္စကို ဖြေရှင်း ရန် ထိုင်းရဲတပ်ဖွဲ့ကို စေလွှတ်ခဲ့ပြီး နာရီဝက်အတွင်း ပြန်လည် စေလွှတ်ခဲ့ ကြောင်း အထက်ပါသတင်းတွင် ဖော်ပြ ထားသည်။

 
အဆိုပါ ကိစ္စဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံသားများ အနေနှင့် ကန်ချန ဘူရီခရိုင်နှင့် ထိစပ်နေသော မြန်မာ နယ်စပ်သို့ သွားရောက်လည်ပတ်ခြင်း မပြုရန် ထိုင်းအစိုးရက သတိပေး ချက်ထုတ်ပြန်ခဲ့သည်။ ယင်းသတိပေးချက်ကြောင့် ထီးခီး နယ်စပ်သို့ ထိုင်းခရီးသွားများ လာ ရောက်မှု ထိခိုက်မှု ရှိ မရှိမသိရ သေးပေ။