စည်းကမ်းမဲ့ မြေသယ်ယာဉ်များကို ရွေ့လျားအဖွဲ့ ဖြင့် ဖမ်းဆီးအရေးယူမည်

0
389

မြိတ်မြို့အတွင်းရှိ မြေ၊ ကျောက်၊ ဘိလပ်မြေနှင့် ထင်းကားများကို စည်း ကမ်းမဲ့ မောင်းနှင်ပါက ရွေ့လျား (Mobile) အဖွဲ့ဖြင့် ဇန်နဝါရီလ ၂၄ ရက်မှစပြီး ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကို ကိုထံမှ သိရသည်။


Mobile အဖွဲ့တွင် စည်ပင်သာယာ ရေး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လမ်းဦးစီး ဌာနနှင့် အုပ်ချုပ်ရေးဘက်မှ တာဝန်ရှိသူ များ ပါဝင်မည်ဖြစ်ကြောင်း စည်ပင် သာယာရေး ကော်မတီမှ သိရသည်။” ပညာပေး လုပ်ထားတာ ကြာပြီ၊ သူတို့က မလိုက်နာတော့ ဖမ်းပြီး တစ်ခါ တည်းအရေးယူမယ် ” ဟု စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

 
မြေသယ်ယာဉ်များ ကျောက်တင် ကားများ ဘိလပ်မြေ အိတ်တင်ကား များနှင့် ဘွိုင်လာထင်း တင်ကားများ သည် မြို့တွင်းနှင့် မြို့ပြင်ပါ စည်းကမ်း မဲ့မောင်းနှင်မှုများ ရှိနေကြောင်း စည်ပင် သာယာရေးကော်မတီမှ သိရသည်။ယင်းကဲ့သို့ စည်းကမ်းမဲ့ မောင်း နှင်မှုများကြောင့် နိုင်လွန်ကတ္တရာ လမ်း များပေါ်တွင် ကျောက်ခဲများ လွှင့်စင် ခြင်း၊ မြေသယ်ယာဉ်များကြောင့် လမ်းပေါ်မြေ တစ်ချို့ကျန်ခဲ့ခြင်း၊ ဘိလပ် မြေကားများမှ အမှုန့်များ လွှင့်ပြန့်ခြင်း နှင့် ထင်းကားများမှ ထင်းချောင်းတစ်ချို့ကျန်ခဲ့မှုများရှိနေကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်များ အနေဖြင့် စစ်ရောင် တာလပတ်အထူနှင့် အုပ်ပြီး ခိုင်ခန့်လုံခြုံစွာ မောင်းနှင်ခြင်း၊ ကားအနောက်ဖုံး ကို ခိုင်ခန့်လုံခြုံအောင် ပိတ်ထားခြင်းနှင့် ကားမောင်းနေစဉ် ထိုင်ခုံခါးပတ်ပတ်ထားခြင်း စသည့် စည်းကမ်းများကို လိုက်နာရ မည်ဖြစ် ကြောင်း စည်ပင်ကော်မတီမှ သိရသည်။
သတ်မှတ်ထားသည့် စည်းကမ်း များကို လိုက်နာခြင်းမရှိပါက ဥပဒေ အရ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။