စားသုံးရန်မသင့် ငရုတ်သီးမှုန့် ရောင်းသည့်ဆိုင်များကို အရေးယူတော့မည်

0
388

ဈေးကွက်အတွင်း စားသုံးရန်မသင့် ကြောင်း သတ်မှတ်ထားသည့် ငရုတ်သီး မှုန့်နှင့် မဆလာမှုန့် ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက လာမည့် ဖေဖော် ဝါရီလမှစကာ အရေးယူသွားမည် ဖြစ် ကြောင်း သက်ဆိုင်ရာက သတိပေးလိုက် သည်။


အမှတ်တံဆိပ် မှတ်ပုံတင်မရှိခြင်း နှင့် အစားအသောက် ထုတ်လုပ်ခွင့် ထောက်ခံချက်မရှိသည့် ငရုတ်သီးမှုန့်   နှင့်မဆလာများကို ဈေးဆိုင်နှင့် ပွဲရုံ အစရှိသည့် ဆိုင်များတွင် ရောင်းချနေ ကြောင်း စစ်ဆေးတွေ့ရှိပါက အမျိုး သား အစားအသောက် ဥပဒေအရ အရေး ယူတော့မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကြီးကြပ် ကွပ်ကဲရေးကော်မတီ အတွင်းရေးမှူးက ဆိုသည်။
” ထုတ်လုပ်သူအပိုင်းကိုလည်း သတိပေးထားပြီးပြီ၊ ဈေးကွက်ထဲမှာ ထပ်တွေ့ရင် ရောင်းချသူရော ထုတ်လုပ် သူကိုပါ အရေးယူသွားမယ်” ဟု အဆိုပါ ကော်မတီအတွင်းရေးမှူး ဒေါက်တာ ဟိန်းမင်းထက်အောင်က ပြောသည်။ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက် နေ့က ထားဝယ်မြို့နယ်အတွင်းရှိ ဈေး ဆိုင်နှင့် ပွဲရုံ ၁၀ ဆိုင်တွင် စားသုံးရန် မသင့်သည့် ငရုတ်သီးမှုန့်နှင့် မဆလာ များ ရောင်းချနေသည့်အတွက် ခံဝန်ထိုး ခိုင်းခဲ့ပြီး နောက်တစ်ကြိမ် စစ်ဆေးတွေ့ ရှိပါက  အရေးယူတော့မည်ဖြစ်ကြောင်း ဒေါက်တာ ဟိန်းမင်းထက်အောင်က ဆိုသည်။

 
တိုင်းအတွင်းရှိ မြို့နယ်အသီးသီး တွင်လည်းဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ငရုတ်သီးမှုန့်နှင့် မဆလာများ အပါအဝင် စားသုံးရန်မသင့်သည့် အစား အသောက်ပစ္စည်းများကို ဈေးများနှင့် လူစည်ကားရာ လမ်းဆုံများတွင် အများ ပြည်သူသိရှိစေရန် ဗီနိုင်းများဖြင့် ကြေညာ ထားသင့်ပြီး ဆိုင်များတွင် ရောင်းချမှု မရှိစေရန် မကြာခဏ စစ်ဆေးသင့် ကြောင်း ထားဝယ်မြို့ ဇရစ်ရပ်ကွက်နေ ဒေါ်နွယ်နွယ်စန်းက ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက် က ငရုတ်သီးမှုန့် အမှတ် တံဆိပ်ပေါင်း ၅၈ ခုနှင့် မဆလာ ၁ ခုတို့ကို FDဗ ထောက်ခံချက်မရှိဘဲ ဘေးအန္တရာယ် ကင်းရှင်းမှုနှင့် အရည်အသွေး အာမခံ ချက်မရှိကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA ) ကထုတ်ပြန်ကြေညာခဲ့သည်။ယင်းတို့တွင် တိုင်းအတွင်း ရောင်း ဝယ် စားသုံးနေသည့် ငရုတ်သီးမှုန့် ၄ မျိုးနှင့် မဆလာ  ၁ မျိုး ပါဝင်သည်။