ဘိလပ်မြေတင်သွင်းမှု လစဉ်တိုး

0
641

ထားဝယ်ဒေသတွင် ဆောက်လုပ် ရေးလုပ်ငန်းများ တိုးမြင့်လာသည့်အတွက် ဘိလပ်မြေ တင်သွင်းမှု လစဉ် တိုးမြင့် လာခဲ့ကြောင်း ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။


ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဩဂုတ် လက ဘိလပ်မြေ အိတ် ၇၆၀၀၀ ခန့်သာ တင်သွင်းနေရာမှ လစဉ်တိုးမြင့်လာပြီး ဒီဇင်ဘာလတွင် ၁၉၂၀၀၀ အိတ်အထိ တင်သွင်းလာကြောင်း မြို့နယ် အကောက် ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆို သည်။” တန်ချိန်လည်း ပိုများလာသလို ဝင်လာတဲ့ သင်္ဘောအစီးရေလည်း ပို များလာတယ်” ဟု အဆိုပါ တာဝန်ရှိသူ ကပြောသည်။
တစ်လလျှင် ပျမ်းမျှ ဘိလပ်မြေ အိတ်နှစ်သောင်းခန့် သွင်းနေရပြီး ရောင်း အားကောင်းပါက အိတ်ငါးထောင်ခန့် ပိုတင်သွင်းရ ကြောင်း ထားဝယ်ဒေသသို့ ဘိလပ်မြေတင်သွင်းနေသည့် ကုမ္ပဏီ တစ်ခုဖြစ်သော ဝင်း ကုမ္ပဏီမှ အရောင်း မန်နေဂျာက ဆိုသည်။
” ဒီမှာက ဆင်နီတံဆိပ်ကို အဓိက သုံးကြတာ၊ ဈေးချိုတာလည်း ရှိပြီး ကြိုက် ရင်တော့ သုံးကြပါတယ်”  ဟု အရောင်း မန်နေဂျာ ဦးစိန်သန်းက ပြောသည်။

 
ထားဝယ်ဒေသကို ဘိလပ်မြေ အဓိက တင်သွင်းနေသည့် ကုမ္ပဏီ ၃ ခု ခန့်ရှိကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် နှစ်က ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် ၅၉၀၀ အထိ ရှိခဲ့ပြီး သင်္ဘောသယ်ဆောင်ခ ဈေးသက်သာ လာသည့်အတွက် လက်ရှိအချိန်တွင် ကျပ် ၅၅၀၀ ဝန်းကျင်သာ ဈေးရှိကြောင်း ထားဝယ်မြို့ကမြောကင်းလမ်းတွင် ကုန်မာဆိုင်ရောင်းချနေသည့် ဦးကြည် ရှိန်က ပြောသည်။

 
ဘိလပ်မြေ ၁ တန်တွင် အိတ် ၂၀ ပါကြောင်း မြို့နယ်အကောက်ခွန် ဦးစီး ဌာနထံမှ သိရသည်။