အမျိုးသမီး ၅ ဦးပါ ဖဲဝိုင်း ရဲဖမ်း

0
628

လောင်းလုံးမြို့နယ် သဘော့ဆိပ် ရွာမှ အမျိုးသမီး ၅ ဦးပါ ဖဲဝိုင်းအား ဇန်နဝါရီလ ၇ ရက် မွန်းလွဲပိုင်းတွင် သတင်းအရ ဖမ်းဆီး ရမိခဲ့ကြောင်း မောင်းမကန်နယ်မြေရဲစခန်း တာဝန်ရှိသူ ထံမှ သိရသည်။


အိမ်ရှင်အပါအဝင် အမျိုးသမီး ၅ ဦး ဖဲရိုက် လောင်းကစားပြုနေစဉ် ဖမ်းမိ ခဲ့ပြီး ဖဲ ၁၀၈ ချပ်၊ တစ်ထောင်ကျပ်တန် ၄ ရွက်၊ ငွေအစား အသုံးပြုသည့် စက္ကူ ကတ်ပြား ၅၉ ခုတို့ကို သိမ်းဆည်း ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။အဆိုပါ အမျိုးသမီးအားလုံးမှာ အိမ်ထောင်ရှင်များဖြစ်ကြကာ ၄ ဦးမှာ သားသမီးရှိကြောင်း သဘော့ဆိပ်ရွာသား များထံမှ သိရသည်။

 
”့ စို့အရွယ် ကလေးမိခင်လည်း ပါတယ်” ဟုရွာသားတစ်ဦးက ဆိုသည်။အမျိုးသမီး ၅ ဦးစလုံးအား ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင် လာပြီး နောက် လောင်းကစားဥပဒေပုဒ်မ ၁၃ (က)၊ ၁၄(က)အရ အမှုဖွင့် အရေးယူ ထားပြီး ခံဝန် (အာမခံ) ပေးခဲ့ကြောင်း သိရသည်။

 
ပုဒ်မ ၁၃(က)အရ မည်သူမဆို လောင်းကစားအိမ်တွင် လောင်းကစား ခြင်း၊ ရောက်ရှိနေခြင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင် ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၁ နှစ်အထိ သို့မဟုတ် ထိုထောင်ဒဏ် နှင့် ငွေဒဏ်ကျပ် ၁၀၀၀ အထိ ချမှတ်ခြင်း ခံရမည့်အပြင် ပြစ်မှုနှင့် အကျုံးဝင်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်း ဆည်းခြင်း ခံရမည်ဟု လောင်းကစား ဥပဒေ (ဥပဒေအမှတ် ၆/၁၉၈၆) တွင် ဖော်ပြသည်။