တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် တွေ့ဆုံခြင်း

0
568

တိုင်ကြားခံထားရသည့် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ နှစ်ဦးအနက် တစ်ဦးတွင် ရှိသင့် ရှိထိုက်သည့် ဂုဏ်သိက္ခာနှင့် မကိုက်ညီ သည့်အတွက် အရေးယူသွားရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်း ရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက သတင်း မီဒီယာများအား ပြောဆိုခဲ့သည်။


အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မည်သို့ အမြင်ရှိသည်ကို တိုင်ကြားခံ ထားရသူ ၂ ဦးအနက် တစ်ဦးဖြစ်သည့် တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးအား မေးမြန်း ခဲ့သည်။
တနင်္သာရီ။       ။ တိုင်းလွှတ် တော်ဥက္ကဋ္ဌ နှစ်ယောက်မှာ တစ်ယောက် ကို အရေးယူမယ်လို့ လေ့လာသုံးသပ် ရေးအဖွဲ့က ပြောဆို ထားတဲ့အပေါ်မှာ တိုင်းလွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေ နဲ့ ဘာများပြောချင်တာရှိလဲ။
ဦးခင်မောင်အေး။          ။ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးကိစ္စနဲ့ပက်သက်ပြီး သတင်း တွေက မှားတယ်၊ မှန်တယ်ဆိုတဲ့ ခိုင်လုံ တဲ့ အထောက်အထားတွေအပေါ်မှာ အခြေခံတာထက် အများညီရင် ဤကို ကျွဲဖတ်ကြစို့ဆိုတဲ့ သဘောပါနေသလို ခံစားရတယ်။ ပြည်သူတွေက မျှော်လင့် ချက်ကြီးစွာနဲ့ ပြောင်းချင်လို့ လက်သန်း မှင်အစွန်းခံပြီးရွေးချယ်လိုက်တဲ့ တစ် ပါတီထဲက ဖြစ်လာတဲ့ လွှတ်တော် ကိုယ်စားလှယ် အချင်းချင်း ညီညွတ်မှု မပျက်ပြားစေချင်လို့ ဘာမှ ထူးထူး ထွေ ထွေပြန် မပြောခဲ့တာပါ။

 

ကျွန်တော်တို့ ရဲ့ ပါတီ ခေါင်းဆောင်တွေကလည်း တိုင်ကြားမှုတိုင်းကို ခိုင်လုံတဲ့ အထောက် အထားရမှသာလျှင် အဲဒီအထောက် အထားတွေရဲ့ ခိုင်လုံမှုပမာဏအတိုင်း သာ အရေးယူ ဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ အာရုံစိုက်ရမှာက ပြောင်းလဲချိန်တန်ပြီလို့ ပြောခဲ့တဲ့ ကျွန်တော်တို့တစ်တွေ ပြည်သူ အတွက် တစ်ခုခု ပြောင်းလဲနိုင်အောင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပွင့်လင်း စွာနဲ့ တိုင်ပင်ပြီးဆောင်ရွက်ရမယ့် ပြည် သူ့အကျိုးပြုကိစ္စတွေပါ။ တစ်ဦးကို တစ်ဦး အပြစ်တွေရှာပြီး လူမှုကွန်ရက်တွေမှာ လျှောက်ဖွပြီး အချိန်ဖြုန်းနေရမယ့် အချိန် အခါမဟုတ်ဘူးလို့ ပြောချင်ပါတယ်။
တနင်္သာရီ။       ။ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ကို တိုင်ထားတဲ့ စွပ်စွဲချက် တွေက ခိုင်လုံမှုမရှိဘူးလို့ ပြောချင်တာ မျိုးလား။
ဦခင်မောင်အေး ။   ။ လွှတ်တော် ကော်မတီတွေ ဖွဲ့တဲ့ကိစ္စဆိုရင် ဖွဲ့ရမယ့် အချိန်မှာ ဖွဲ့ခဲ့ကြတာပါ။ ကော်မရှင် ဆိုတာကလည်း ကော်မတီတစ်ရပ်ရပ်က မိမိဖွဲ့လိုက ဖွဲ့နိုင်ကြောင်း လုပ်ပိုင်ခွင့် မှာ အတိအလင်း ဖော်ပြပြီးသားပါ။ ကော်မတီမှာပါဝင်တဲ့သူတွေရဲ့ ဆုံးဖြတ် ချက်နဲ့ပဲ ဆိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ အတိုင်းဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။ တင်ဒါ ကိစ္စဆိုရင်လည်း ကြီးကြပ်ရေးအဖွဲ့ တွေ၊ စိစစ်ရေး အဖွဲ့ တွေနဲ့ သေသေချာ ချာဆောင်ရွက်ခဲ့ ကြတာပါပဲ။ တင်ဒါ စည်းမျဉ်းတွေနဲ့ကိုက်ညီတဲ့ ကုမ္ပဏီ တွေကို စိစစ်ရေးအဖွဲ့တွေက ရွေးချယ် ပေးခဲ့ကြတာပါပဲ။

 

ဒါပေမဲ့ တင်ဒါအောင် ခဲ့တဲ့ ကုမ္ပဏီတွေအပေါ်မှာ သံသယဖြစ်နေတာက တစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာ အသုံးပြုဆောင် ရွက်ရ မယ့် လုပ်ငန်းတွေ ပိုမိုတိကျကောင်းမွန် အောင် ရည်ရွယ်ပြီး လုပ်ငန်းရဲ့ Speci-fications   (အချက်အလက်) တွေကိုထပ် ဖြည့် ချင်တာကြောင့် ပထမ တင်ဒါ အောင် စာရင်းကိုပယ်ဖျက်ပြီး ပြန်လည် ရွေးချယ် ခဲ့ကြတာပါ။ ပြည်သူ့ငွေကို အနည်းငယ်လျှော့ချနိုင်ပြီး ပြည့်စုံ တဲ့ Specification  တွေနဲ့ ပြည်သူ့ငွေကို အကျိုးရှိရှိ အသုံးချနိုင်တော့မှာပါ။
တနင်္သာရီ။       ။ လက်ရှိကတော့ ပါတီအနေနဲ့ အရေးယူမယ်လို့ ပြော ထားတာရှိတယ်။ ဘာတွေဖြစ်လာ နိုင် တယ်လို့ မျှော်လင့်ထားလဲ။
ဦးခင်မောင်အေး။ အဲဒါတော့ မပြောတတ်ဘူး။ ဒါက လူကြီးတွေရဲ့ သဘောထားလေ။
တနင်္သာရီ။ ။ဦးဥာဏ်ဝင်း ပြောထားတာကတော့ ပါတီက နုတ် ထွက်ရတဲ့အထိ ဖြစ်ကောင်းဖြစ်နိုင် မယ်လို့ ပြောဆိုထားတယ်။ ဆိုတော့ ဆရာတို့ နှစ်ယောက်မှာ တစ်ယောက်က နုတ်ထွက်ရတဲ့အထိ ရှိလာနိုင်လား။
ဦးခင်မောင်အေး။ ။ ဒါကလည်း ဥပဒေအရဆိုရင် ပြည်သူ့ကိုယ်စားလှယ် တစ်ယောက်ကို ပယ်ဖျက်ရမှာကတော့ နည်းနည်း ခက်တယ်။ တာဝန်ပေးတာ ကိုတော့ ပါတီရဲ့အနေအထားအရ ဆုံးဖြတ် ချက်အရ ဖြစ်မယ်။ တာဝန်ပေးခြင်း၊ မပေးခြင်းကတော့လေ။ လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ကတော့ မလွယ် ဘူး။ လွှတ်တော် ကိုယ်စားလှယ်ကတော့ ရှိနေမှာ။ ဒီတော့ ပါတီရဲ့တာဝန်တွေ ရပ်ဆိုင်းသွားနိုင်တယ်။
တနင်္သာရီ။       ။ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို လွှတ်တော်ကပဲ ရွေးချယ် ထားတယ်ဆိုတော့ လွှတ်တော်မှာရော ဒီလိုမျိုး ပါတီကနေ လုပ်လာနိုင်တဲ့ အခင်းအကျင်း တွေမျိုးရှိလာနိုင်လား။ ဥပမာလွှတ်တော်ထဲမှာ စွပ်စွဲအပြစ်တင် တာမျိုးပေါ့။
ဦးခင်မောင်အေး ။ ။ အဲဒါကတော့ မပြောတတ်ဘူး။ ဒီဟာတွေကလည်း အခုပြောမယ်ဆိုရင် နည်းနည်းစောသေး တယ်။ ဘာလို့လည်းဆိုတော့ လူကြီးတွေ လည်းပဲ သိပါတယ်။ သိတော့ ခုနက လိုမျိုး သေသေချာချာ စိစစ်ပြီးသွားမှာပါ။ ဒါပေမဲ့ စိတ်မကောင်းဖြစ်မိတာကတော့ ဘာလဲဆိုတော့ ဤကို ကျွဲဖတ် တာတော့ မကောင်းဘူး။ ဒီကနေ့ ဖေ့စ် ဘွတ်ခေတ် မှာ၊ လူမှုကွန်ရက်ခေတ်မှာ ကျွဲဖတ်ကြ စို့ဆိုရင် အားလုံးက ဝိုင်းရေးကြတယ်၊ ကျွဲဖတ်ကြတယ်ဆိုတာမျိုးတော့ မဖြစ် သင့်ဘူးပေါ့။

 

အဲဒီ တစ်ချက် အဓိက ပြောချင်တယ်။ နောက် တစ်ခုက နံပါတ် ၂ အချက်က ခုနက တို့ရဲ့ ဠငျငသည ဖြစ်တဲ့ နိုင်ငံအေးချမ်းဖို့၊ ပြည်သူ့စီးပွား ရေးအောင်မြင်ဖို့၊ ပြည်သူ့ဘ၀ လုံခြုံဖို့ ဆိုတဲ့ ပန်းတိုင်ကို အဲဒီပန်းတိုင် အဲဒီ ဠငျငသည ကို Tမေါနအ ကို တို့တတွေ မျက်ခြည်မပြတ်ဘဲနဲ့ ဒေါ်အောင်ဆန်း စုကြည်နောက်က နောက်လိုက်ကောင်း ဖြစ်အောင် လုပ်ရမှာ။
တနင်္သာရီ။       ။နောက်ဆုံးအနေနဲ့ ဘာများပြောချင်တာရှိလဲ။
ဦးခင်မောင်အေး။ ။နောက်ဆုံး အကြံပြုချင်တာက ကျွန်တော် တို့ဟာ အချိန်နဲ့ တပြေးညီ စုစည်းအားနဲ့ နိုင်ငံ အေးချမ်းဖို့၊ ပြည်သူ့စီးပွားအောင်မြင်ဖို့၊ ပြည်သူ့ဘ၀လုံခြုံဖို့ဆိုတဲ့ ပန်းတိုင် အားလုံးက ဠငျငသည (ရည်မှန်းချက်)၊ Tမေါနအ ထားပြီး အမေရဲ့ နောက်လိုက် ကောင်းလေးတွေဖြစ်အောင် ကြိုးစား ကြပါစို့လို့ တိုက်တွန်းလိုပါတယ်။
တနင်္သာရီ။ ။ ကျေးဇူးတင်ပါတယ်။