မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တနင်္သာရီမြို့နယ်တွင်း လူဦးရေ ၃၀၀ နီးပါး ဘေးလွတ်ရာပြောင်း

0
417

ယခုရက်ပိုင်းအတွင်း မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ အချို့တို့မှ လူဦးရေ ၃၀၀ နီးပါး ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်နေရ ကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ထံမှ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။


ချောင်းလမုကျေးရွာမှ လူနေအိမ် ၅၇ လုံး၊ အိမ်ထောင်စု ၅၇ စု၊ လူဦးရေ ကျား ၁၆၀၊ မ ၁၃၈ ဦး၊ စုစုပေါင်း ၂၉၈ ဦး တို့သည် နီးစပ်ရာ တောင်ကုန်းများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ဇန်နဝါ ရီလ ၁၁ ရက်က ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ထံမှ သိရသည်။ထို့ပြင် တားပလပ်ကျေးရွာတွင် လူနေအိမ် ၇ လုံး အိမ်ထောင်စု ၇ စု၊ လူဦးရေ စုစုပေါင်း ၂၈ ဦးတို့ နေအိမ်များ ရေလွှမ်းမိုးမှု ခံစားနေရကြောင်း သိရ သည်။

 
မိုးသည်းထန်စွာရွာသွန်းသဖြင့် မောတောင်နယ်စပ် အမှတ် ၉ ကျေးရွာ တွင် ဇန်နဝါရီလ ၉  ရက်က လူနေအိမ် တချို့ ရေထဲမျောပါခြင်း၊ ရေလွှမ်းခြင်း တို့ ခံစားနေရပြီး ဒေသခံများ၏ ဥယျာဉ် ခြံ စိုက်ခင်းများ   ရေလွှမ်းမှုခံနေရကာ မောတောင်လမ်းမကြီးပေါ်ရှိ အမှတ် ၉ တံတား တစ်ဖက်တစ်ချက်ရှိ ချဉ်းကပ် မြေသားလမ်းများမှာ ရေစီးဖြင့် မျောပါ ခဲ့ရကြောင်း ယင်းရွာသားများမှ သိရ သည်။
ကားလမ်းမပေါ်ရှိ တံတားချဉ်း ကပ်လမ်းမှာ ရေစီးဖြင့် မျောပါမှုကြောင့် မြိတ်-မောတောင် ယာဉ်လိုင်းများမှ ခရီး သည်များ မောတောင်တွင် သောင်တင် နေရကြောင်း မောတောင်ဒေသခံတချို့ က  ဆိုသည်။
” မိုးက အဆက်မပြတ်ရွာနေတော့ စာသင်ကျောင်းပိတ်ထားတာ ၂ ရက် ရှိပြီ”  ဟု မောတောင်ဒေသ၊ အမှတ် ၉ ကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။
အဆိုပါ ရေဘေးသင့် မိသားစုများ အတွက် မြိတ်မြို့မှ စေတနာရှင်များ စုပေါင်းပြီး သွားရောက် လှူဒါန်းကြပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးဘက်က လိုအပ်သည့်ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက်နေကြောင်း သိရ သည်။